MNP - ဖေဖော်ဝါရီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဇင်မာစိုးနှင့် ကျန်းမာရေး ဝန်ထမ်းများသည် မြို့နယ်အတွင်း လမ်းသွား လမ်းလာများနှင့် ဈေးရောင်းဈေးဝယ်သူများအား (RDT) Test Kits ဖြင့်ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဖျာပုံမြို့နယ် မြောက်ပိုင်း ဈေးနှင့် ဆိပ်ကမ်းသာဈေးတို့၌ ပြုလုပ်ကြသည်။
အဆိုပါ (RDT)TestKitsဖြင့် စစ်ဆေးရာတွင် ဖျာပုံမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဇင်မာစိုးနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် ဖျာပုံမြို့နယ် မြောက်ပိုင်း ဈေးရှေနှင့် ဆိပ်ကမ်းသာဈေးတို့တွင် ဈေးရောင်း/ဈေးဝယ်များ၊ လမ်းသွား လမ်းလာ ပြည်သူများအား (Mark)များဖြန့်ဝေခြင်းနှင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ( RDT)(Test Kits)ဖြင့် အခမဲ့ကျန်းမာရေး စစ်ဆေးပေးလျက်ရှိကြကြောင်း သိရသည်။
သတင်း - အောင်ဝင်းနိုင်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment