ဟင်္သာတမြို့၌ မြို့အဝင်ဂိတ်များတွင် ခရီးသွားလာသူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှု ရှိ/မရှိ RTD Test Kit ဖြင့် အခမဲ့စစ်ဆေးပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟင်္သာတမြို့၌ မြို့အဝင်ဂိတ်များတွင် ခရီးသွားလာသူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှု ရှိ/မရှိ RTD Test Kit ဖြင့် အခမဲ့စစ်ဆေးပေး

 



MNP - ဖေဖော်ဝါရီ     ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၌ မြို့အဝင်ဂိတ်များတွင် ခရီးသွားလာသူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုရှိ/မရှိ RTD Test Kit ဖြင့် အခမဲ့ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းလွင် ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမူရေးအသင်းအဖွဲ့ဝင်များက ဟင်္သာတမြို့နယ်အတွင်း ဝင်ရောက်လာသည့် ခရီးသွားလာသူ များ၊ ကုန်တင်ယာဉ်မောင်းနှင်သူများ၊ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား ခရီးသွား ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ဆောင်ရန်၊ ရှောင်အချက်များ အသိပညာပေး ပြောကြားခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုရှိ/မရှိ အခမဲ့စစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ကိုဇော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)