ကော့သောင်းမြို့တွင် ကိုဗစ်၁၉ရောဂါ ကူးစက်မှု ပိုမိုထိန်းချုပ်နိုင်ရေး မိုဘိုင်းRTDဖြင့် ကွင်းဆင်းစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကော့သောင်းမြို့တွင် ကိုဗစ်၁၉ရောဂါ ကူးစက်မှု ပိုမိုထိန်းချုပ်နိုင်ရေး မိုဘိုင်းRTDဖြင့် ကွင်းဆင်းစစ်ဆေး





MNP - ဖေဖော်ဝါရီ      ၁၄

ကော့သောင်းမြို့တွင်  ကိုဗစ်၁၉ရောဂါ ကူးစက်မှု ပိုမိုထိန်းချုပ်နိုင်ရန် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ RTD ဖြင့် မိုဘိုင်း စစ်ဆေးမှု လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ပိတောက်ရွှေဝါရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် ပါးစပ် နှာခေါင်းစည်း မတပ်ဆင်ဘဲ လမ်းထွက်သွားလာနေကြသည့် မြို့နေပြည်သူများအား ရှောင်တခင် ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။

စစ်ဆေးရာတွင် မြို့နယ်ကိုဗစ်၁၉ရောဂါထိန်းချုပ်ရေးကော်မတီဝင်များ၊ ကျန်းမာရေးဌာနနှင့် ကြက်ခြေနီ တပ်ဖွဲ့၊ ပရဟိတဘော်လံတီယာအဖွဲ့များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့များဖြင့် ပါးစပ် နှာခေါင်း စည်းမတပ်ဆင်ဘဲ လမ်းထွက်သွားလာနေကြသည့် မော်တော်ဆိုင်ကယ်၊ မော်တော်ကားများအား ရပ်တန့် စေပြီး Antigen repid test kit(RTD) ဖြင့် စစ်ဆေးကာ ရောဂါပိုးတွေ့ရှိသူများအား ဆေးကုသမှု ခံယူစေခြင်း လုပ်ငန်းများကို တင်းကြပ်စွာ အရှိန်အဟုန်မြှင့်ဆောင်ရွက် ခြင်းဖြစ်ကြောင်း သိရသည်။

ယခု ဆောင်ရွက်မှုအား မြို့နေပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်မှု စည်းကမ်း ချက်များကို မပေါ့ဆဘဲဆက်လက်လိုက်နာကြစေရန်နှင့် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှု ပြည်တွင်းမှာတွေ့ရှိလာနေသဖြင့် နယ်စပ်မြို့ဖြစ်သည့် မိမိတို့ မြို့အနေနှင့် သတိကြီးစွာ ထားကြစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ တာဝန်ရှိသူတစ်ဦး ပြောကြားချက်အရ သိရသည်။

သတင်း - ကျော်စိုး

မြန်မာနေရှင်နယ်ပို့စ် 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)