စလင်းမြို့နယ်တွင်တစ်ကြိမ်တစ်ခါမှကိုဗစ်-၁၉ရောဂါကာကွယ်ဆေးမထိုးနှံရသေးသူများ အားSputnikဆေးထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

စလင်းမြို့နယ်တွင်တစ်ကြိမ်တစ်ခါမှကိုဗစ်-၁၉ရောဂါကာကွယ်ဆေးမထိုးနှံရသေးသူများ အားSputnikဆေးထိုးနှံပေး

 


MNP - ဖေဖော်ဝါရီ     ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် တစ်ကြိမ်တစ်ခါမှကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသူများ အားSputnik ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီ ၃၀မိနစ်အချိန်က စလင်းမြို့နယ်ပြည်သူ့ဆေးရုံးနှင့် ဆင်ဖြူကျွန်းမြို့ ပြည်သူ့ဆေးရုံများတွင် ကျန်းမာရေးဦးစီးဌာနမှထိုးနှံပေးလျက်ရှိကြောင်းသိရှိရသည်။

စလင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ကျေးရွာ၊ရပ်ကွက်အုပ်စု များခွဲ၍ ထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှမထိုးနှံ ရသေးသူများအား ကိုဗစ်-၁၉ရောဂါ အရေးပေါ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဉက္ကဋ္ဌ ဦးနေလင်းနိုင် ၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက စလင်းမြို့နှင့် ဆင်ဖြူကျွန်း မြို့စုရပ်နှစ်နေရာတွင် Sputnik ကာကွယ်ဆေးကို တစ်ပြိုင်တည်း ထိုးနှံပေးလျက်ရှိသည်။

စလင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ ၉၅၅၃၁ ဦး နှင့် ဒုတိယအကြိမ်ထိုးနှံပြီးသူ ၇၉၈၉၁ ဦး ရှိရာ ရာခိုင်နှုန်း အားဖြင့် ၅၇.၀၁ ရာခိုင်နှုန်း ထိုးနှံပြီးဖြစ်ကြောင်း၊  နေ့လည်ပိုင်းတွင်လည်း ဆက်လက်ထိုး နှံပေးသွားမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ရောကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမ ှသိရှိရသည်။

သတင်း - မောင်လွင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)