ချောက်မြို့နယ် အ​ခြေခံပညာ​ကျောင်းများမှ ဆရာ၊ ဆရာမ (၁၉၄)ဦးအား Sputnik ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ​ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ချောက်မြို့နယ် အ​ခြေခံပညာ​ကျောင်းများမှ ဆရာ၊ ဆရာမ (၁၉၄)ဦးအား Sputnik ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ​ပေး


MNP - ဖေဖော်ဝါရီ     ၁၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့၌ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ဆရာ၊ ဆရာမများအား Sputnik ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး၊ Booster Dose ထပ်ဆောင်းထိုးနှံပေးမှုကို မြို့နယ်ပြည်သူ့ဆေးရုံခန်းမ၌ ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်း များမှ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ယခု Booster Dose ကာကွယ်ဆေးအား တတိယအကြိမ်မြောက် ထပ်ဆောင်း ထိုးနှံပေး ခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် ရောက်ရှိလာသူများအား အမည်စာရင်း ကောက်ယူခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်လမ်းညွှန်ချက်များနှင့် အညီ ဆေးမထိုးနှံမီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ ပုံမှန်အနေ အထားရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပြီးသူများအား မိနစ် ၃၀ ခန့် အနားယူစေရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးကို ယနေ့ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမ (၁၉၃)ဦးနှင့် ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံသူ(၁)ဦး အပါအဝင် စုစုပေါင်း(၁၉၄)ဦး လာရောက်ထိုးနှံလျက်ရှိ ကြောင်း၊ Sputnik  ကိုဗစ်ရောဂါ ကာကွယ်ဆေးသည် ရုရှားနိုင်ငံမှ ထုတ်လုပ်ပြီး ဆေးတစ်လုံး လူ(၅)ဦး ထိုးနှံ၍ ရကြောင်း၊ တစ်ကြိမ်သာ ထိုးနှံရန် လိုအပ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်မှုနှုန်း ကောင်းမွန်သည့် ကာကွယ်ဆေးဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ သိရသည်။

သတင်း - ကျော်မိုး

မြန်မာနေရှင်နယ်ပို့

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)