ဝက်လက်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ဖြင့် ကျေးရွာတွင်း ဂျင်းလမ်းခင်းခြင်းအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝက်လက်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ဖြင့် ကျေးရွာတွင်း ဂျင်းလမ်းခင်းခြင်းအား ကွင်းဆင်းစစ်ဆေး


MNP - ဖေဖော်ဝါရီ    ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ မင်္ဂလာရေစင်ကျေးရွာတွင်  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာတွင်း ဂျင်းလမ်းခင်းခြင်းအား ယမန်‌နေ့နေ့လည် (၂)နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း ရွှေဘိုခရိုင်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ထိုသို့ ကျေးရွာတွင်း ဂျင်းလမ်းခင်းခြင်းကို  ဝက်လက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ် ပထမ‌ခြောက်လပတ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ကျပ်သိန်း (၁၀၀)၊ ပြည်သူထည့်ဝင်ငွေများဖြင့် အရှည် ၂၃၅၀ပေ၊ အကျယ် ၁၂ပေ၊ ထု ၉လက်မ၊ ဆောင်ရွက် လျက်ရှိရာ (၈၅)ရာခိုင်နှုန်းပြီးစီးပြီဖြစ်သည်။

အဆိုပါ ဂျင်းလမ်းခင်းခြင်းကို ရွှေဘိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်နှင့် တာဝန်ရှိသူများက လမ်းအရှည်အသွေးပြည့်မီရေး၊ သတ်မှတ်အချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးရေး တို့ ကွင်းဆင်း စစ်ဆေးခဲ့သည်။

ဆက်လက်၍ ဝက်လက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ် ပထမ‌​ခြောက်လပတ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကျေးရွာ(၄)ရွာတွင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)