စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ တတိယအကြိမ်မြောက် အထူးအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ တတိယအကြိမ်မြောက် အထူးအစည်းအဝေး ကျင်းပ


MNP ၊ မတ် ၈ 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ တတိယအကြိမ်မြောက် အထူးအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၌ ကျင်းပသည်။ 

အစည်းအဝေးတွင် အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့သည် နိုင်ငံတော်၏ ဈေးကွက်စီးပွားရေးစနစ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ပုဂ္ဂလိကကဏ္ဍအနေဖြင့် အာမခံလုပ်ငန်းအမျိုးမျိုးကို လုပ်ကိုင်နိုင်ရေး လမ်းဖွင့်ပေးရန်၊ လိုအပ်သည့် အာမခံအကာအကွယ် အမျိုးမျိုးကို ဆောင်ရွက် ပေးခြင်းဖြင့် အာမခံစနစ်အပေါ် ပြည်သူအများ ယုံကြည်ကိုးစားမှု ပိုမိုရရှိ လာစေရန်နှင့် နိုင်ငံအတွင်း အာမခံပညာနှင့် အာမခံလုပ်ငန်း ရှင်သန်တိုးတက် ထွန်းကားလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်းကဏ္ဍအား အာမခံလုပ်ငန်း လုပ်ကိုင်ခွင့် ဥပဒေ (၁၉၉၆) နှင့်အညီ ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်လျက်ရှိပါကြောင်း။


ယင်းသို့ ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့မှ အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ထုတ်ပေးထားသည့် နိုင်ငံခြားအသက်အာမခံကုမ္ပဏီ ၅ ခု၊ နိုင်ငံခြားနှင့် နိုင်ငံသားဖက်စပ် အသက်အာမခံကုမ္ပဏီ ၃ ခု၊ နိုင်ငံခြားနှင့် နိုင်ငံသားဖက်စပ် အထွေ ထွေအာမခံကုမ္ပဏီ ၃ ခု၊ နိုင်ငံသားပိုင် အထွေထွေအာမခံကုမ္ပဏီ ၅ ခု၊ နိုင်ငံသားပိုင် အသက်အာမခံ ကုမ္ပဏီ ၈ ခုနှင့် နိုင်ငံပိုင် မြန်မာ့အာမခံလုပ်ငန်းအပါအဝင် စုစုပေါင်း အာမခံကုမ္ပဏီ ၂၅ ခုတို့မှ မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်းကဏ္ဍတွင် အာမခံလုပ်ငန်းအမျိုးမျိုးကို လုပ်ကိုင်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုအခါ အာမခံအမျိုးအစားများလည်း တိုးတက်များပြားလာပြီး အာမခံအကာ အကွယ်ရယူသူများလည်း တိုးတက်လာကြောင်း၊ မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်းကဏ္ဍတွင် အသက် အာမခံလုပ်ငန်းဖွံ့ဖြိုးမှု အားနည်းနေသေးသဖြင့် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ အားကောင်းသော မီးအာမခံ၊ အလုံးစုံမော်တော် ယာဉ်အာမခံ၊ သူတစ်ပါးထိခိုက်မှုအာမခံ စသည့် အာမခံအမျိုးအစားများကိုလည်း ဆက်လက်အားပေးမြှင့်တင်သွားရန်ဖြစ်ကြောင်း၊ ယနေ့ အစည်း အဝေးတွင် မီးအာမခံဆိုင်ရာ ပေါ်လစီစည်းမျဉ်းများ၊ လျော်ကြေးပေးအပ်မှုများနှင့် စပ်လျဉ်း၍ သုံးသပ်ဆွေးနွေးကြရန် ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ အစည်းအဝေး အစီအစဉ်များ အတိုင်း ဆက်လက် ကျင်းပရာ အဖွဲ့ဝင်များက ဝိုင်းဝန်းသုံးသပ် ဆွေးနွေးကြသည်။


အစည်းအဝေးသို့ အတွင်းရေးမှူး ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်နှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် အတွင်းရေးမှူးရုံး အဖွဲ့များ တက်ရောက်ခဲ့ကြပြီး၊  အာမခံလုပ်ငန်းကြီးကြပ်ရေး အဖွဲ့အနေဖြင့် ယနေ့အထိ ပုံမှန်အစည်း အဝေးများ ၂၈ ကြိမ်၊ အထူးအစည်းအဝေး ၃ ကြိမ် ကျင်းပပြီးစီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)