မြေယာ မူဝါဒများကို အကောင် အထည်ဖော် ဆောင်ရွက်ရန်နှင့် နိုင်ငံ၏ စားနပ်ရိက္ခာ ဖူလုံပိုလျှံရေးအတွက် အရေးပါသည့် စိုက်ပျိုးမြေများ ထိခိုက်လျော့ပါးမှု မရှိစေရေး လုပ်ငန်းများကို အလေးထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

မြေယာ မူဝါဒများကို အကောင် အထည်ဖော် ဆောင်ရွက်ရန်နှင့် နိုင်ငံ၏ စားနပ်ရိက္ခာ ဖူလုံပိုလျှံရေးအတွက် အရေးပါသည့် စိုက်ပျိုးမြေများ ထိခိုက်လျော့ပါးမှု မရှိစေရေး လုပ်ငန်းများကို အလေးထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ပြောကြား



MNP ၊ မတ် ၈

ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။


အစည်းအဝေးတွင်  ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က အများပြည်သူတို့၏ လူမှုစီးပွားအကျိုး ဖြစ်ထွန်းစေရန် စီမံကိန်းလုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကိစ္စများ၊ ဒေသတွင်း ဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းလုပ်ငန်းများအတွက် မြေယာအသုံးချမှုတွင် ကြန့်ကြာမှုမရှိစေပဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အထောက်အကူပြုနိုင်မည်ဖြစ်သည့် အတွက် လုပ်ငန်းများ သွက်လက်မြန်ဆန်စွာ ဆောင်ရွက်လျက်ရှိကြောင်း၊ မြေယာပိုင်ရှင်များကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ မှန်ကန်သည့်နှုန်းထားဖြင့် လျော်ကြေး၊ နစ်နာကြေး လျင်မြန်စွာ ထုတ်ပေးနိုင်ခြင်းဖြင့် ပိုင်ရှင်များအတွက် ဥပဒေအရ ပေးအပ်သော ရပိုင်ခွင့်များ နှောင့်နှေးမှုမရှိပဲ ခံစားရမည်ဖြစ်ကြောင်း။  


ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသော မြေယာ မူဝါဒများကို အကောင် အထည်ဖော် ဆောင်ရွက်ရန်နှင့် နိုင်ငံ၏ စားနပ်ရိက္ခာ ဖူလုံပိုလျှံရေးအတွက် အရေးပါသည့် စိုက်ပျိုးမြေများ ထိခိုက်လျော့ပါးမှု မရှိစေရေး လုပ်ငန်းများကို အလေးထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့အစည်းအဝေးတွင် အများပြည်သူတို့၏ အကျိုးအတွက် အကောင်အထည်ဖော်သည့် စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသုံးပြုခဲ့သော လယ်ယာမြေများအတွက် လယ်ယာမြေ ပိုင်ရှင် တောင်သူများနှင့် မြေရှင်များ နစ်နာမှု မရှိစေရန် တည်ဆဲ လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေများ နှင့် အညီ သက်ဆိုင်ရာ ဘဏ္ဍာနှစ်အလိုက် လျော်ကြေး၊ နစ်နာကြေးများကို အချိန်မီ ပေးလျော်နိုင် ရန်နှင့် ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် မကုန်ဆုံးမီ လုပ်ငန်းများ အချိန်မီ ဆောင်ရွက်နိုင်ရန် လိုအပ်သည့် ဆွေးနွေးဆုံးဖြတ်ချက်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။


ထို့နောက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ဦးသက်နိုင်ဦး က တိုင်းဒေသကြီး ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့များမှ တွက်ချက် တင်ပြလာသော လျော်ကြေး၊ နစ်နာကြေး လုပ်ငန်း ကိစ္စရပ် များနှင့် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးက ဆွေးနွေးဆုံးဖြတ်ဆောင်ရွက်ရမည့် လုပ်ငန်းရပ် များကို ဖတ်ကြားတင်ပြရာ အစည်းအဝေး တက်ရောက်လာကြသူများက လုပ်ငန်းကဏ္ဍတစ်ခုချင်းအလိုက် ဆွေးနွေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)