MNP ၊ မတ် ၂၀
မတ်လ ၁၈ ရက်နေ့ ၁၆ ၃၀ အချိန် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ဘားအံမြို့နယ်၊ လှာကမြင်ကျေးရွာအုပ်စု၊ မိန်းမရှာကျေးရွာနေ စိုးဆွေဦး ၏နေအိမ်အား ဝင်ရောက် ရှာဖွေရာ ၎င်းနှင့်အတူ မသင်းရနံ့အောင် နှင့် ခွန်စစ်ပိုင် တို့အားတွေ့ရှိပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၄၀၅၄ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၀၈၁.၀၈ သိန်း)နှင့် လက်ကိုင်ဖုန်း ၃ လုံး တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများအား ၎င်းတို့အတူတကွ သုံးစွဲရောင်းချရန် ပေါ်ပေါက်သဖြင့် စိုးဆွေဦး(၂၆)နှစ်၊ မသင်းရနံ့အောင် နှင့် ခွန်စစ်ပိုင်(၃၃)နှစ်အား စက်မှုဇုန်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment