MNP - မတ် ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ဇိုင်းဂနိုင်း(တောင်)ရပ်ကွက်၊ ကန်ကြီးပိုင်လမ်း၌ မတ် ၁၉ ရက်၊ ယမန်နေ့နံနက် (၀၅:၄၅)နာရီခန့်တွင် လျှပ်စစ်မီးပျက်ရာမှ မီးပြန်လာချိန်တွင် မိန်းခုံမှ လျှပ်စစ်ဝါယာရှော့ ဖြစ်ပြီး မီးစတင် လောင်ကျွမ်းခြင်းကြောင့် ပျဉ်ထောင်အိမ်နှင့် တိုက်အိမ် ၄ လုံးခန့်မီးလောင်မှုဖြစ်ပွား ကြောင်း မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။
ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ဇိုင်းဂနိုင်း(တောင်)ရပ်ကွက်၊ ကန်ကြီးပိုင်းလမ်းနေ ဦးရဲရင့်ကျော်၊ အသက်(၂၉)နှစ်၊ (ဘ)ဦးကျော်ဆင့် ပိုင် ပျဉ်ခင်း၊ပျဉ်ထောင်၊ သွပ်မိုးဈေးဆိုင်ခန်းရှိ လျှပ်စစ်မီးပျက်နေရာမှ မီးပြန်လာချိန်တွင် မိန်းခုံမှ ဝါယာရှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားနေကြောင်း တယ်လီဖုန်းသတင်းရရှိ၍ ပဲခူးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော် ဦးဆောင်၍ မီးငြိမ်းသတ်ယာဉ် (၁)စီး၊ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၁၂)ဦး၊ ပဲခူးခရိုင် မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် (၁)စီး၊ မီးသတ်ရေသယ်ယာဉ် (၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၂၀)ဦး ၊ ပဲခူးမြို့နယ် မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် (၃)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၁၅)ဦး၊ ပဲခူးနယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် (၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၅)ဦး၊ မီးသတ်ယာဉ် စုစုပေါင်း (၁၀)စီး၊ တပ်ဖွဲ့ဝင်စုစုပေါင်း(၅၂)ဦးတို့ဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ရာ (၀၆:၂၀)နာရီခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်မှုကြောင့် (၁၈×၃၀)ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး၊ ဈေးဆိုင်ခန်း(၁)ခန်း၊ (၁၅×၃၀)ပေ၊ အုတ်ညှပ်(၂)တိုက်(၁)လုံး၊ (၁၇×၃၅)ပေ RC (၂)ထပ်တိုက်(၁)လုံး၊ (၁၅×၁၄)ပေ၊ ပျဉ်ထောင်၊ ပျဉ်ခင်း၊ သွပ်မိုး(၁)ထပ်(၁)လုံး ၊ (၁၂×၁၂) ပေ ထရံကာ၊ ပျဉ်ခင်း၊ သွပ်မိုး(၁)လုံး၊ ဘေးတွဲဆိုင်ကယ် (၁)စီး၊ Felling အမျိုးအစား ဆိုင်ကယ် (၂)စီး၊ မီးလောင်ခံရပြီး တန်ဖိုးကျပ် (၅၆၄ဝဝဝဝ/-)(ကျပ်ငါးဆယ် ခြောက်သိန်း လေးသောင်းခန့်) ဆုံးရှုံးမှု ဖြစ်စေသော ဦးရဲရင့်ကျော်၊ အသက်(၂၉)နှစ်၊ (ဘ) ဦးကျော်ဆင့်အား အမှတ်(၂)နယ်မြေရဲစခန်းမှ (ပ)၆၃/၂၀၂၂၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်






No comments:
Post a Comment