ကာမိုင်းမြို့၌ (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကာမိုင်းမြို့၌ (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေ



MNP -  မတ်  ၂၆

ကချင်ပြည်နာ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ ၂၀၂၂ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့မွန်းလွဲ(၁)နာရီက ကာမိုင်းနည်းဗျူဟာ စစ်တပ်ကုန်း၊ ဌာနဆိုင်ရာများနှင့် ဈေးဆိုင်များတွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့ဖြန်ဝေပေးခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ကာကွယ်စောင့်ရှောက်သွားမည်သာ (၇၇) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ အသက်သွေးချွေးစဉ် မနှေးပေးဆပ်သည်မှာ တပ်မတော်ပါ၊ (ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ ခုနှစ်၊ ဇွန်လဆန်း၌ ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးကြီးတွင် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်) ပါဝင်ကူညီ၊ တပ်မတော်၏ အစဉ်အလာကောင်း (၁၂)ရပ်၊ တပ်မတော်အင်းအားရှိမှ တိုင်းပြည်အင်အားရှိမည်၊ (နိုင်ငံတော်စိမံအုပ်ချုပ်ရေး‌ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင်သည် ၂၇.၃.၂၀၂၁ရက်နေ့တွင် (၇၆) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်) မှ တည့်မတ် ထိန်းသိမ်း ဆောင်ရွက်လျက်ရှိ၊ တပ်မတော်သည် အမျိုးသားရေးကို ဘယ်တောမှ သစ္စာ မဖောက်စသည့် ဆောင်ပုဒ်များနှင့် (၂၇.၃.၂၀၂၁ရက်‌‌နေ့ထုတ် မြန်မာ့အလင်းသတင်းစာ)မှ နွေအလှကဗျာ ပါရှိသော လက်ကမ်းစာစောင် (၂၀၀) စောင်ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သတင်း - လဆိုင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)