နတ်တလင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ်မှ မထိုးနှံရသေးသည့် ပြည်သူများကို ပထမအကြိမ် ထိုးနှံခြင်း လုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်တလင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ်မှ မထိုးနှံရသေးသည့် ပြည်သူများကို ပထမအကြိမ် ထိုးနှံခြင်း လုပ်ငန်းများ ဆောင်ရွက်



MNP - မတ်   ၂၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၌ ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို မြို့နယ်အတွင်းရှိ ကာကွယ်ဆေးလုံးဝမထိုးရသေးသည့် ထိုးနှံရန်ကျန်ရှိသည့် ပြည်သူများကို နတ်တလင်းမြို့၊ သကျမဟာမြတ်မုနိဘုရားကြီးဝန်းတွင် ယနေ့ နံနက်(၉)နာရီက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထိုးနှံရာတွင် နတ်တလင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှပြည်သူများ လာရောက် ထိုးနှံကြပြီး COVIShield ကာကွယ်ဆေးကို မြို့နယ်အတွင်း (လုံးဝ)မထိုးရသေးသည့် ထိုးနှံရန်ကျန်ရှိသည့် ပြည်သူများအားလုံးကို ထိုးနှံပေးမှာဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

ထို့ပြင်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးပထမအကြိမ်ထိုးနှံပြီးသည့် ပြည်သူများကိုလည်း ဒုတိယအကြိမ် ထိုးနှံပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးမှာဖြစ်ကြောင်း သိရ သည်။

သတင်း - ဝေယံဖြိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)