ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သက်ကြီး ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သက်ကြီး ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ တက်ရောက်





MNP - မတ်   ၂၈

(၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ ရွှေအမ်းတောင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းနှင့်ဇနီး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ တိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိများနှင့် ဇနီးများ အမ်းတပ်နယ်မှ တပ်ရင်း၊ တပ်ဖွဲ့မှူးများနှင့် မိသားစုဝင်များ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူး အမှူးပြုသော ဧည့်ပရိတ်သတ်များက နမောတသ သုံးကြိမ် ရွတ်ဆိုကန်တော့၍ ဖွင့်လှစ်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဂါရဝစကား ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဧည့်ပရိတ်သတ်များက သက်ကြီးဘိုးဘွားများအား ဩကာသ ကန်တော့ချိုးဖြင့် လက်အုပ်ချီမိုး ပူဇော်ကန်တော့ကြကာ ဘိုးဘွားများအား တိုင်းရင်းဆေးဝါးများ၊ အာဟာရ ဖြည့်စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ဖြင့် ပူဇော်ကန်တတော့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ရွှေအမ်းတောင်ခန်းမ၌ ကန်တော့ခံ သက်ကြီး ဘိုးဘွားများအား တပ်မတော်ဆေးအဖွဲ့မှ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေမှုများအား လှည့်လည် ကြည့်ရှုအားပေးကြသည်။

ပူဇော်ကန်တော့ပွဲသို့ အမ်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၁၂၅)ဦးတို့ တက်ရောက် အပူဇော်ခံခဲ့ကြကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် တိုင်းမှူးနှင့်အဖွဲ့သည် အမ်းမြို့ပေါ်ရှိ ဝဏ္ဏိတာရာမ ပရိယတ္တိ စာသင်တိုင်သို့ သွားရောက်ကာ ကျောင်းတိုက်ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဝဏ္ဏိတနှင့် သံဃာတော် အရှင်သူမြတ် များအား ဖူးမြော်ကြည်ညိုကာ ဆရာတော်ကြီးထံမှ ဩဝါဒ ခံယူပြီး ဆရာတော်ကြီး၏ ကျန်းမာရေး အခြေအနေများအား မေးမြန်းလျောက်ထားကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ပြည်နယ်အစိုးရအဖွဲ့ကလှူဒါန်းသော အလှူငွေကျပ် ၁၀ သိန်းနှင့် လှူဖွယ်ဝတ္ထုများအား လည်းကောင်း၊  တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများက ဆန်၊ ဆီ၊ ပဲနှင့်လှူဖွယ် ဝတ္ထုများအား လည်းကောင်း ဆပ်ကပ်လှူဒါန်းကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

သတင်း - တင်ထွန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)