ဥတ္တရသီရိမြို့နယ် အောင်ချမ်းသိမ်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ စတုတ္ထအကြိမ်မြောက် ထုတ်ချေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဥတ္တရသီရိမြို့နယ် အောင်ချမ်းသိမ်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ စတုတ္ထအကြိမ်မြောက် ထုတ်ချေး

 


MNP -  မတ်    ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းက တောင်ညိုအုပ်စု၊ အောင်ချမ်းသိမ်း ကျေးရွာတွင် စတုတ္ထအကြိမ်မြောက် မြစိမ်း ရောင်စီမံကိန်းရန်ပုံငွေ ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဥတ္တရသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးနှင ဝန်ထမ်းများ၊ အောင်ချမ်းသိမ်းကျေးရွာ၏ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးရေး ကော်မတီဝင်များမှ မွေးမြူရေးလုပ်ငန်း လုပ်ကိုင် သူ(၇၉)ဦးအတွက် ငွေကျပ်(၁၈၉)သိန်း၊ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူ (၄၅)ဦး အတွက် ငွေကျပ်(၁၇၅)သိန်း၊ အရောင်းအဝယ်လုပ်ကိုင်သူ(၂)ဦး အတွက် ငွေကျပ် (၄)သိန်း၊ စုစုပေါင်းလုပ်ငန်း လုပ်ကိုင်သူ (၁၂၆)ဦးအတွက်ငွေကျပ်(၃၆၈)သိန်းကို ထုတ်ချေး ပေးခဲ့သည်။

ဆက်လက်၍ အောင်ချမ်းသိမ်းကျေးရွာသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ စတင်၍ မြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယခုဆိုလျှင် စီမံကိန်း စတုတ္ထနှစ်သို့ ရောက်ရှိပြီဖြစ်၍ လက်စွဲစာစောင်ပါ ညွှန်ကြား ချက်နှင့်အညီ ကော်မတီဝင် (၇)ဦးပါဝင်သည့် ကော်မတီအသစ်အား ပြန်လည် ဖွဲ့စည်းပေးခဲ့သည်။

ဥတ္တရသီရိမြို့နယ်အနေဖြင့် မြစိမ်းရောင်အရင်းမပျောက်လည်ပတ်ရန်ပုံငွေထုတ်ချေးပေးသည့် ကျေးရွာ စုစုပေါင်း ၁၉ ရွာရှိပြီး စီမံကိန်းဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာ စေရန်၊ အလုပ်အကိုင်များ တပိုင်တနိုင်ဆောင်ရွက်ခြင်းဖြင့် မိသားစုဝင် ငွေများတိုးပွားလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

သတင်း - အောင်ကို

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)