MNP ၊ မတ် ၂၁
သူရိယနေဝန်းသတင်းဂျာနယ်၏ CEO ဦးမိုးဟိန်းက ငြိမ်းချမ်းရေးလိုချင်ရင် စစ်ကိုနိုင်အောင်အရင်တိုက်ပါ ဟု တိုက်တွန်း ပြောဆိုလိုက်သည်။
ဦးမိုးဟိန်းက သူ၏ Telegram Channel မှာ "ဗမာhလွတ်လပ်ရေးတပ်မတော် BIA။ ဗမာhကာကွယ်ရေးတပ်မတော် BDA။ ဗမာတပ်မတော်။ ပြီးတော့ ယနေ့ မြန်မာ့တပ်မတော် အဆက်ဆက်တို.သည် 1941 December 27 ဘန်ကောက်မြို.မှာ မွေးဖွားပေါ်ပေါက်လာကတည်းက ယနေ. 2022အထိ နှစ်ပေါင်းရှစ်ဆယ် အတွင်းရန်သူတွေကို ဘယ်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတစ်ခုနှင့်မျှ အောင်မြင်ခဲ့တာ အနိုင်ရခဲ့တာ၊ ရလဒ်ထွက်ပေါ်ခဲ့တာ တစ်ခုမျှ မရှိပါ။ တပ်မတော်သည် ရန်သူတွေကို ဓားကို ဓားချင်း၊ လှံကို လှံချင်း စစ်ကိုစစ်နဲ့တူအောင် တိုက်ခဲ့လို့သာ ယနေ့အချိန်အထိ မြန်မာ့တပ်မတော်ဟေ့ ဆိုပြီး လက်မထောင်နိုင်ခဲ့တာပါ။ မြန်မာ့တပ်မတော် လက်မထောင်နိုင်ခဲ့လို့လည်း ဒါတို.ပြေ ဒါတို့မြေ ဒါ တို့ပြည်ထောင်စုကြီးဟေ့ ဆိုပြီး လက်ညှိးထိုး ပြ လက်နဲပုတ်ပြလို့ ရနေသေးတာပါ။ တနည်းအားဖြင့် တပ်မတော်သမိုင်းတလျောက်မှာ ငြိမ်းချမ်းရေးလမ်းကြောင်းနဲ့ အောင်ပွဲခံခဲ့တာ လုံးဝမရှိခဲ့ပါကြောင်း သတိပေးထောက်ပြလိုပါတယ်။" ဟု ပြောဆိုထားသည်။
ဦးမိုးဟိန်းက "1949 အင်းစိန်တိုက်ပွဲ ကာလ ဝန်ကြီးချုပ်သခင်နု ကို KNDOခေါင်းဆောင် စောဘဦးကြီးကိုယ်တိုင် ဂျစ်ကားကိုကိုယ်တိုင်မောင်းပြီး လာခေါ်တယ်။ သခင်နုလည်း ကိုယ်ရံတော် ချင်းတပ်စစ်ဗိုလ်ကို သေနတ်မပါပဲခေါ်ပြီး KNDO သိမ်းထားတဲ့ အင်းစိန်ထဲလိုက်သွားတယ်။ စောဘဦးကြီး ယောက္ခမအိမ်မှာ အုန်းနို့ကြာဇံချက်စားကြရင်း ငြိမ်းချမ်းရေးဆွေးနွေးကြတယ်။ သခင်နုနဲ.စောဘဦးကြီး နှစ်ယောက်အကြား ငြိမ်းချမ်းရေးသဘောတူခဲ့ကြပေမယ့် KNDO အောက်ခြေတပ်မှုးတွေက သဘောမတူလို့ ငြိမ်းချမ်းရေးသဘောတူညီချက် ပျက်ပြားသွားပြီး အင်းစိန်ဲတိုက်ပွဲပြန်လည် တိုက်ခိုက်ကြတယ်။ နောက်ဆုံး အင်းစိန်တိုက်ပွဲ မှာ ဗိုလ်နေဝင်း ဗိုလ်ကျော်ဇော ဗိုလ်ချစ်မြိုင်တို့ ဦးဆောင်တဲ့ ဗမာ့တပ်မတော်တပ်သားတွေရဲ့ စစ်ရေးစွမ်းရည်ကြောင့်သာ အင်းစိန်တိုက်ပွဲ အနိုင်ရခဲတာပဲ။ 1949 အကြပ်အတည်းကြီးထဲက မြန်မာပြည်ကြီးလွတ်မြောက်ခဲ့ရတာဟာ ငြိမ်းချမ်းရေး လမ်းကြောင်းကြောင့် လုံးဝမဟုတ်ခဲ့ဘူးဆိုတာကို ယနေ့တပ်မတော်ခေါင်းဆောင်ကြီးတွေကို ထောက်ပြလိုပါတယ်။" ဟု ပြောဆိုထားသည်။
ငြိမ်းချ့မ်းရေး လိုချင်လျင် စစ်ကိုနိုင်အောင်အရင်တိုက်ပါ ဆိုတဲ့ လွန်ခဲ့တဲ့ နှစ်ထောင်ချီ ကာလကတည်းက တရုပ်စစ်ကျမ်းပါရဂူ ဆွန်ဇူး ရေးသားခဲ့တဲ့ အဆိုအမိန့်သည် ယနေ့ 2022 ယူကရိန်းစစ်ပွဲအထိ မှန်နေသေးတယ်ဆိုတာကို လေးစားစွာထောက်ပြလိုပါကြောင်း၊ ရုရှားပြည်ထောင်စုကြီး ငြိမ်းချမ်းစွာဆက်လက်အဓွန့်ရှည်စေရန်အလို့ငှာ ရုရှားတို့သည် သမ္မတပူတင်သည် စစ်ကိုနိုင်အောင် အရင်တိုက်နေသည်လို့ပဲ ရှုမြင်ပါကြောင်း သုံးသပ်ပြောဆိုထားသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment