MNP ၊ မတ် ၂၂
ရခိုင်ပြည်နယ် မောင်တောမြို့၌ မုန်တိုင်းအန္တရာယ်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်း များကို ယနေ့ ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များ အတွင်း နှိုးဆော် ခဲ့ကြ သည်။
ထို့သို့ အသိပညာပေးနိုးဆော် ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင် ၍ မြို့နယ် သဘာဝ ဘေး အန္တရာယ်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့် တာဝန်ရှိသူများက မြို့နယ် အတွင်း ဘင်္ဂလားပင်လယ်အော် ကမ်းရိုးတန်းတွင်ရှိသော အလယ်သံကျော် ကျေးရွာ ၊ ကျောက်ပန္ဒူကျေးရွာ ၊ အင်းဒင်း ကျေးရွာ များတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်း ၊ လေပြင်း တိုက်ခတ်ခြင်း များ ဖြစ်ပေါ်လာနိုင်ပါသဖြင့် ဂရုပြုနေထိုင်ကြပါရန် ၊ မုန်တိုင်းကြောင့် ပင် လယ် ကမ်းစပ်အနီးရှိ ကျေးရွာ အုပ်စု အိမ်ထောင်စုများ အလိုက် အသုံးအဆောင်ပစ္စည်းများ ၊ ကြိုတင်တင်ပြင်ဆင် ထုပ်ပိုး နိုင်ရေး ၊ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလှေများ မြစ်ချောင်းပင်လယ်အတွင်းသို့ ထွက်ခွာခြင်း မပြုစေရေး စသည့်တို့ကို အသိပေး လိုက်လံ နှိုးဆော်ခဲ့ကြ ကြောင်း သိရ သည်။
သတင်း - သက်လွင်စိုး
https://t.me/MyanmarNationalPost




No comments:
Post a Comment