ရမ်းဗြဲမြို့နယ်တွင် သဘာဝဘေးကျရောက်ပါက ပြည်သူများအန္တရာယ်ကင်းစေရေး လုံခြုံစိတ်ချရသော Cyclone Shutter များသို့ ပြောင်းရွှေ့နေရာချထားပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရမ်းဗြဲမြို့နယ်တွင် သဘာဝဘေးကျရောက်ပါက ပြည်သူများအန္တရာယ်ကင်းစေရေး လုံခြုံစိတ်ချရသော Cyclone Shutter များသို့ ပြောင်းရွှေ့နေရာချထားပေးလျက်ရှိ









MNP ၊ မတ် ၂၃

ယခုအခါ အနီရောင်အဆင့်ရှိသည့် အားကောင်းသောမုန်တိုင်းငယ် (Deep Depression) ဝင်ရောက်ချိန်နီးကပ်လာ‌နေပြီဖြစ်သောကြောင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နေထိုင်သူများအား ဒေသအာဏာပိုင်များ၏ ညွှန်ကြားချက်များ အတိုင်း မုန်တိုင်းဘေးလွတ်ရာ Cyclone Shelter နေရာများ၊  ကုန်းမြင့်နေရာများသို့ ပြောင်းရွှေ့နေရာချထားလျက်ရှိရာ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်တွင် သဘာဝဘေး ကျရောက်လာပါက ပြည်သူများအန္တရာယ်ကင်းစေရေးအတွက် ကျေးရွာအုပ်စု(၆)အုပ်စုရှိ ပြည်သူများအား ယမန်နေ့ မွန်းလွဲပိုင်းက လုံခြုံစိတ်ချရသော Cyclone Shutter များသို့ ပြောင်းရွှေ့နေရာချထားခဲ့ကြောင်း သိရသည်။

ထိုသို့ ပြောင်းရွှေ့ နေရာချထားရာတွင် ရမ်းဗြဲမြို့နယ်၊ ပင်လယ်ကမ်းခြေနားအနီး နေထိုင်ကြသည့် ကျေးရွာအုပ်စု (၆)အုပ်စုအတွင်းရှိပြည်သူများအား သဘာဝဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အဆိုပါ ကျေးရွာအုပ်စု အသီးသီးရှိ လုံခြုံစိတ်ချရသော Cyclone Shutter များသို့ သက်ကြီးရွယ်အိုဘိုးဘွားများ၊ နို့တိုက်မိခင်များနှင့် ကလေးသူငယ်များအပါအဝင် အိမ်ထောင်စု(၂၆၄)စု၊ လူဦးရေ(၉၆၃)ဦးအား ပြောင်းရွှေ့နေရာချထားပေးခဲ့ကြကြောင်း သိရသည်။


သတင်း - သိန်းထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)