၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာဖြေဆိုနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာဖြေဆိုနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ



MNP - မတ်    ၂၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ဖြေဆိုနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းကို ယနေ့နံနက် ၉နာရီခွဲအချိန်က ဆင်ပေါင်ဝဲမြို့ အခြေခံပညာအတက်တန်းကျောင်း ရတနာ မော်ကွန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် စာစစ်ဌာနကြီးကြပ်ရေးမှူးများ တာဝန်ပေးအပ်ခြင်းခံရသော ဆရာကြီး၊ ဆရာမကြီးများ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်း‌ဇော်ဦးက "မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ၂၀၂၂-ခုနှစ် မတ်လ(၃၁)ရက်နေ့မှ ဧပြီလ (၉) ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး ဆင်ပေါင်ဝဲမြို့နယ်‌အနေဖြင့် စာစစ်ဌာန(၃)ခုဖြင့် ဖြေဆိုကြရမှာဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲကို ဖျက်ဆီးနှောင့်ယှက်အန္တရာယ်ပြုလာပါက အချိန်မီ ကာကွယ်တားဆီး ချေမှုန်းနိုင်ဖို့ သက်ဆိုင်ရာဌာနများအား မှာကြားထားပြီးကြောင်း၊ စာစစ်ဌာနများရဲ့ မီးဘေးလုံခြုံရေးကိုလည်း အလေးထားဆောင်ရွက်ကြဖို့ တာဝန်ရှိသူများကို မှာကြားထားပြီးဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ လုံခြုံချောမွေ့ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် တွဲဖက်တာဝန်ထမ်းဆောင်မည့် ဆရာ၊ ဆရာမများအားလုံး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အပြည့်အဝ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း" စသည်ဖြင့် ပြောကြားသွားသည်။

ထို့နောက် အစည်းအဝေးသို့တက်‌ရောက်လာသော တာဝန်ရှိသူများက လုပ်ငန်းလိုအပ်ချက်များအား ဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပြန်လည်ဆွေးနွေးခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်း - နိုင်လင်း

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)