MNP ၊ မတ် ၁၈
ဂွမြို့၊ ရဟိုင်ဖျားကျေးရွာအုပ်စု၊ ဆုံတွင်းကျေးရွာတွင် ထင်းခုတ်ရောင်းသူ ဒေါ်အေးကြည်(၄၂)နှစ်က ၎င်း၏ သမီးဖြစ်သူ နှစ်ဦးမှာ ထင်းခုတ်သွားမည်ဟု ပြောပြီးပျောက်ဆုံးနေသဖြင့် ကူညီစုံစမ်းပေးပါရန် မြို့မရဲစခန်းသို့ ယမန်နေ့က လာရောက်တိုင်ကြားမှု ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ်လ(၄)ရက်နေ့ နေ့လည်၁နာရီ အချိန်တွင် ထင်းခုတ်ရောင်းသူ ဒေါ်အေးကြည်က သမီးနှစ်ဦးဖြစ်သည့် မဇာဇာထွေး(၁၆)နှစ်နှင့် မဇာဇာလင်း(၁၄)နှစ်တို့ကို ထင်းခုတ်ရာတွင် အရနည်းသဖြင့် ပြစ်တင်ပြောဆိုမှုကြောင့် အဆိုပါညီအစ်မနှစ်ဦးမှာ စိတ်ဆိုးပြီး ၎င်းတို့၏ အစ်မအကြီးဖြစ်သူ မဇာဇာဝင်အား ထင်းခုတ်သွားမည်ဟု ပြောဆိုပြီး နေအိမ်မှ ထွက်သွားခဲ့ကြောင်း၊ ညနေ၄နာရီတွင် ညီအစ်မနှစ်ဦးမှာ အိမ်ပြန်မရောက်သဖြင့် မိခင်ဖြစ်သူနှင့် အိမ်နီးချင်းများမှ ၎င်းတို့နှစ်ဦးသွားလာတတ်သည့် နေရာများသို့ လိုက်လံစုံစမ်းရှာဖွေသော်လည်း ယမန်နေ့အထိ ရှာဖွေမတွေ့ရှိသဖြင့် မတ်လ(၁၇)ရက်နေ့ နေ့လည်ပိုင်းတွင် မိခင်ဖြစ်သူက သမီးနှစ်ဦးပျောက်ဆုံးမှုအား ကူညီစုံစမ်းပေးပါရန် မြို့မရဲစခန်းသို့ လာရောက်တိုင်ကြားခဲ့မှုအပေါ် ဂွမြို့မရဲစခန်းမှ လူပျောက်အမှတ်စဉ် (၁/၂၀၂၂)ဖြင့် ဖွင့်လှစ်ထားပြီး ဒုရဲအုပ် မင်းနိုင်ဦး ဦးစီးသောအဖွဲ့က လိုက်လံကူညီ စုံစမ်းရှာဖွေပေးလျက်ရှိကြောင်း သိရသည်။
သတင်း - မိုးစက်
https://t.me/MyanmarNationalPost
No comments:
Post a Comment