MNP - မတ် ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ဟိန္ဒားပြင်ကျေးရွာ၌ တစ်ပိုင်တစ်နိုင် ရာသီပေါ် မုန်ညှင်းစိုက်ပျိုးလုပ်ကိုင် ရောင်းချခြင်းမှ မိသားစုအတွက် အပိုဝင်ငွေများ ရရှိကြောင်း သိရသည်။
ခြောက်လမုန်ညှင်းမျိုးကို သက်ငယ်၊ သက်လတ်နဲ့ သက်ကြီးဆိုပြီး သုံးမျိုးသုံးစား ခွဲပြီးတော့ စိုက်ပျိုးပါတယ်။ မုန်ညှင်းသက်ငယ်မျိုးကိုတော့ ဝါဆိုလနဲ့ ဝါခေါင်လမှာ စိုက်ပျိုးနိုင်ပါတယ်။ မုန်ညှင်း သက်လတ်မျိုးကိုတော့ တော်သလင်းလနဲ့သီတင်းကျွတ်လမှာ စိုက်ပျိုးပါတယ်။ နောက်ဆုံး မုန်ညှင်း သက်ကြီးမျိုးကိုတော့ တန်ဆောင်မုန်းလ ကနေစပြီးတော့အခုတပေါင်းလ အထိပေါ့စိုက်ပျိုးပြီး ရောင်းချပါတယ်။ မုန်ညှင်းတစ်စည်းတွင် သုံးပင်ပါပြီး တစ်စည်းကို ငွေကျပ်၅၀၀နှုန်းဖြင့် ဖောက်သည် သွင်းပါတယ်။
အခြားကျေးရွာများရှိ စျေးဆိုင်များတွင်လည်း တင်ပို့ရောင်းချပေးပါတယ်ဟု မုန်ညှင်းစိုက်ပျိုး လုပ်ကိုင်သူ ဒေါ်မူကပြောပြသည်။
အဆိုပါ ခြောက်လ မုန်ညှင်းစိုက်ခြင်းကို တစ်နှစ်ကို သုံးသီးစားခွဲ၍ စိုက်ပျိုးလုပ်ကိုင်လျှက်ရှိရာ ယခင်နှစ်ထက် ယခုနှစ်က စျေးများပို၍ ရရှိသဖြင့် ၎င်းစိုက်ပျိုးသူမှာ မိသားစုအတွက် ဝင်ငွေများ တိုးပွားလျှက် ရှိကြောင်း မုန်ညှင်း အပြင် အခြားရာသီပေါ် ဘူးသီး၊ ခဝဲသီး၊ ကြက်ဟင်းခါးသီး၊ သခွားသီး၊ ခရမ်းသီးတို့ကိုလည်း စိုက်ပျိုး လုပ်ကိုင် လျှက်ရှိကြောင်း သိရသည်။
အေးအေးချို(မေတ္တာ)




No comments:
Post a Comment