ဂွမြို့နယ်တွင် အခြေခံပညာ အလယ်တန်းအဆင့် နှစ်ဆုံးစာမေးပွဲဖြေဆိုလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂွမြို့နယ်တွင် အခြေခံပညာ အလယ်တန်းအဆင့် နှစ်ဆုံးစာမေးပွဲဖြေဆိုလျက်ရှိ






MNP  မတ် ၁၈ 

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာ အလယ်တန်းအဆင့် (Grade-9) ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲကို အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဂွမြို့နယ်တွင် အခြေခံပညာ အလယ်တန်းအဆင့် (Grade-9) နှစ်ဆုံးစာမေးပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ ပြင်ပမှဖြေဆိုသူများအပါအဝင် စာရင်းရှိကျောင်းသား(၂၇၆)ဦးနှင့် ကျောင်းသူ(၂၈၂)ဦးရှိသည့်အနက် ဖြေဆိုသူကျောင်းသား(၂၅၁)ဦးနှင့် ကျောင်းသူ(၂၇၆)ဦးတို့ ဝင်ရောက်ဖြေဆိုကြရာ ပျက်ကွက်သူ ကျောင်းသား(၂၅)ဦးနှင့်ကျောင်းသူ(၆)ဦး ရှိကြောင်း၊ သက်ဆိုင်ရာ စာစစ်ဌာနအလိုက် စာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရေး အတွက် တာဝန်ကျဆရာ၊ ဆရာမများက ကြီးကြပ်စစ်ဆေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ စာမေးပွဲကို မတ် ၁၇ ရက်မှ ၂၃ ရက်နေ့ထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)