MNP - မတ် ၁၇
တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှတာဝန်ရှိသူများသည် ထားဝယ်မြို့နယ် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များ၊ တရားမဝင်ကုန်စည်တားဆီးတိုက်ဖျက်ရေးအဖွဲ့ တို့နှင့် ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ရှိဆေးဆိုင်များတွင် ဆေးဝါးနှင့်ဆေးပစ္စည်း ဘေးအန္တရာယ်ကင်းရှင်း ရေး အတွက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ပူးပေါင်းအဖွဲ့များက ထားဝယ်မြို့နယ်၊ ဝဲကျွန်းရပ်ကွက်နှင့်အိမ်ရှေ့ပြင်ရပ်ကွက်များရှိ ဆေးဆိုင်များတွင် ဆေးဝါးနှင့် ဆေးပစ္စည်း ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကောင်းမွန်သော ဆေးဝါးရောင်းချမှုကျင့်စဉ်နှင့် ညီ/မညီ၊ ကောင်းမွန် သောဆေးဝါးသိုလှောင်မှုရှိ/မရှိ ဈေးကွက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တရားမဝင်၊ သက်တမ်းလွန်၊ လိုက်စင်မဲ့ဆေးများ မရောင်းချရန် အသိပညားပေးပြောကြားကာ ဆေးလာရောက်ဝယ်သူများအား ဆေးဝါးများဝယ်ယူရာတွင်လိုက်နာရမည့် အချက်များ ပါရှိသည့်အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့သည်။
ထို့နောက် ဆေးဆိုင်များမှ ဆေးဝါးနမူနာ (၂)မျိုးအားဝယ်ယူပြီး တိုင်းဒေသကြီးအစားအသောက် နှင့် ဆေးဝါးဦးစီးဌာန (ထားဝယ်) ရှိ Mini Lab တွင်ဆေးဝါးများ စံကိုက်ညီခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်း - ရွှေပင်လယ်
မြန်မာနေရှင်နယ်ပို့စ်





No comments:
Post a Comment