MNP ၊ မတ် ၁၈
၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာအဆင့်အလိုက် အခြေခံပညာကျောင်းများ၌ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲများနှင့် (Grade - 9) စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ၁၇ရက်နေ့မှစ၍ စတင်ဖြေ ဆိုလျက်ရှိရာ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ ကျောင်းသားကျောင်းသူများမှာ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။
ကျောင်းတွင်းစစ်နှစ်ဆုံးစာမေးပွဲများကို မူလတန်းအဆင့် သင်ရိုးသစ် Grade - 4 နှစ်ဆုံးစစ်ဆေးခြင်း (Year End Test) နှင့်အခြေခံပညာအလယ်တန်းအဆင့်နှစ်ဆုံးစစ်ဆေးခြင်းကို မတ်လ(၁၇) ရက်မှ (၁၉) ရက် နေ့အထိ တစ်နေ့လျှင် ၂ ဘာသာနှုန်းဖြင့် ဘာသာရပ်တစ်ခုလျှင် စာသင်ချိန်တစ်ချိန်စာစစ်ဆေး၍ အလယ် တန်းပြီးမြောက်မှုစာမေးပွဲ(Grade-9)နှစ်ဆုံးစစ်ဆေးခြင်းကို မတ်လ(၁၇)ရက်နေ့မှ(၂၃)ရက်နေ့အထိ တစ်နေ့ လျှင်တစ်ဘာသာနှုန်းဖြင့် ဘာသာရပ်တစ်ခုလျှင် (၂)နာရီကြာ စစ်ဆေးသွားမည်ဖြစ်ပြီး အထက်တန်းအဆင့် Grade -10 စာမေးပွဲနှစ်ဆုံးစစ်ဆေးခြင်းကို မတ်လ(၁၇)ရက်နေ့မှစ၍ တစ်နေ့လျှင်(၂)ဘာသာနှုန်းဖြင့် စစ် ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရသေ့တောင်မြို့နယ်တွင် အထကကျောင်းပေါင်း (၁၁)ကျောင်း၊ အထကခွဲကျောင်း(၁၂) ကျောင်း ၊ အလကကျောင်း (၂၂)ကျောင်း၊ အလကခွဲ(၂၉) ကျောင်း၊ မှုလွန်(၄၅) ကျောင်း၊အမက(၆၃)ကျောင်း၊အမက(ခွဲ)(၁၂)ကျောင်း စုစုပေါင်း(၁၉၄)ကျောင်း များတွင် နှစ်ဆုံးစာမေးပွဲများကို ကျောင်းသားကျောင်းသူများကအေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
သတင်း - ထွန်းလင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment