မူဆယ်မြို့တွင် ရဲတပ်ဖွဲ့ဝင်များမှ ပြစ်မှုကျူးလွန်သူတရားခံ(၄) ဦးအား စုံစမ်းဖော်ထုတ် ဖမ်းဆီးရခဲ့မှုအတွက် ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မူဆယ်မြို့တွင် ရဲတပ်ဖွဲ့ဝင်များမှ ပြစ်မှုကျူးလွန်သူတရားခံ(၄) ဦးအား စုံစမ်းဖော်ထုတ် ဖမ်းဆီးရခဲ့မှုအတွက် ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်



MNP - မတ်    ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ ခရိုင်/မြို့နယ်စုပေါင်းရုံးခန်းမ၌ မူဆယ်ခရိုင် ရဲတပ်ဖွဲ့နှင့် မြို့နယ် ရဲတပ်ဖွဲ့ဝင်များမှ ရာဇသတ်ကြီး ပုဒ်မ-၃၉၂/၃၀၂/၁၁၄အမှုမှ ပြစ်မှုကျူးလွန်သူ တရားခံ(၄) စုံစမ်းဖော်ထုတ် ဖမ်းဆီး ရခဲ့မှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

 အဆိုပါ အခမ်းအနားတွင် ရှေးဦးစွာ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးမှ ထိုသို့ ပြစ်မှုကျူးလွန်သူများကို (၂၄) နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိသော မူဆယ်ခရိုင် ရဲတပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များကို ဂုဏ်ပြုချီးကျူးပြောကြားပြီး ဒီထက်မက ကြိုးစားဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။

ထို့နောက် မူဆယ်မြို့မှ ရဲစခန်းမှူးဦးသိန်းလွင်မှ တရားခံ(၄)ဦး ဖမ်းဆီးဆောင်ရွက်မှု အမှုဖြစ်စဉ် အကျဉ်းချုပ်အား ရှင်းလင်းပြောကြားပြီး ရပ်မိရပ်ဖ ဦးအောင်ရင်မှလည်း ယခုလိုအချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးပေးသော ရဲတပ်ဖွဲ့ များနှင့် အဖွဲ့ဝင်များကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့် ငွေများကို မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုး၊ ရပ်မိရပ်ဖ ဦးအောင်ရင်၊ တရုတ်ဘုံကျောင်းမှ ဦးလောဝူးနှင့် ဒေါ်စစ်စိန်တို့မှ ပေးအပ်ခဲ့ရာ  မူဆယ်ခရိုင် ဒုတိယရဲမှူး လှိုင်ကျော်မြင့်၊ မူဆယ်မြို့နယ်ရဲမှူး လှချို၊ မြို့နယ်စခန်း ဒုရဲမှူးဦးသိန်းလွင်၊ မူဆယ်ခရိုင် ရဲအုပ်ဦးကျော်ဆန်း၊နယ်ထိန်းခေါင်းဆောင် ဦးရဲနောင်၊မူခင်းရဲတပ်ဖွဲ့ ဦးမင်းထိုက်၊ စရတ(မူဆယ်) တပ်ကြပ်ကြီး ဟိန်းထက်စိုး၊ ကျော်သူဝင်းနှင့် ဇင်းမင်းပိုင်တို့က ဆုလက်ခံရယူခဲ့ကြောင်း သိရသည်။

သတင်း - ဇင်မောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)