မွန်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ အစည်းအဝေးနှင့် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မွန်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ အစည်းအဝေးနှင့် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးကျင်းပ



MNP - မတ်    ၂၂

မွန်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ အစည်းအဝေး အမှတ်စဉ် (၁/ ၂၀၂၂) နှင့် မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂/ ၂၀၂၂)ကို ယမန့်နေ့ မွန်းလွဲ ၁ နာရီအချိန်က မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ်    ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မွန်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီအနေဖြင့် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး၊ လုပ်နည်းများနှင့် စနစ်တကျ လုပ်ကိုင် ဆောင်ရွက်ကြစေလိုကြောင်း၊ ကျေးရွာပိုင်မြေနေရာများ၌ ကျူးကျော်နေထိုင်မှုများ အား ဥပဒေနှင့်အညီ တာဆီးအရေးယူ ဆောင်ရွက်ရန်၊ သက်ဆိုင်ရာ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီအနေဖြင့် အောက်ခြေအထိ ကွင်းဆင်း စစ်ဆေး၍ လိုအပ်သည်များကို ဆောင်ရွက်ပေးကြရန်၊ ပြည်သူများ၏ လိုအပ်ချက်များကိုလည်း အလေးထား ဆောင်ရွက်ပေးနိုင်ပါရန် လမ်းညွှန်မှာကြားသည်။

ထို့နောက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားချက်များ၊ လယ်ယာမြေကို သတ်မှတ်သည့် နည်းလမ်းအတိုင်း အသုံးပြုရန် လျှောက်ထားမှုများကို တက်ရောက် လာကြသည့် ကော်မတီဝင်များနှင့် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဝင်များက ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အစည်းအဝေးတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီမှ အကြောင်းကြားလာသည့် ရာဘာခြံအတွင်းမပါဝင်သော မြေလွတ်၊ မြေရိုင်းမြေအတွင်း ကျူးကျော် လုပ်ကိုင်နေမှုအား ဥပဒေနှင့်အညီ တရားစွဲဆိုနိုင်ရေး အကြောင်းကြားလာသော ကိစ္စရပ်များနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားချက်များ၊ လယ်ယာမြေဥပဒေ ပုဒ်မ ၃၀ (က)၊ (ခ)အရ လယ်ယာမြေကို သတ်မှတ်သည့် နည်းလမ်းအတိုင်းအသုံးပြုရန် လျှောက်ထားမှုများအပေါ် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြစ်စေရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်း - ခင်စန်းမြင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)