မင်းလှမြို့တွင် အစိုးရ ပါဠိပထမပြန်စာမေးပွဲကြီး၌ အောင်မြင်တော်မူကြသော ရဟန်းသာမဏေ (၇၁)ပါး တို့အား အောင်လက်မှတ်နှင့် အောင်ဆုများ ဆက်ကပ်သည့် မဟာဘွဲ့နှင်းသဘင် ပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့တွင် အစိုးရ ပါဠိပထမပြန်စာမေးပွဲကြီး၌ အောင်မြင်တော်မူကြသော ရဟန်းသာမဏေ (၇၁)ပါး တို့အား အောင်လက်မှတ်နှင့် အောင်ဆုများ ဆက်ကပ်သည့် မဟာဘွဲ့နှင်းသဘင် ပူဇော်ပွဲကျင်းပ



MNP - မတ်    ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၁၃၈၂ ခုနှစ်တွင် ကျင်းပပြီးစီးခဲ့သော အစိုးရ ပါဠိပထမပြန်စာမေးပွဲကြီး၌ အောင်မြင်တော်မူကြသော ရဟန်းသာမဏေတို့အား  အောင်လက်မှတ်နှင့် အောင်ဆုများ ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မင်းလှမြို့ ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီးအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်   မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်မှ ဩဝါဒတရား ချီးမြှင့်တော်မူခဲ့ပြီး၊   အစိုးရပါဠိ ပထမပြန် စာမေးပွဲကြီး၌ အောင်မြင်တော်မူကြသော ရဟန်းသာမဏေ ပထမလတ်တန်း (၁)ပါး၊ ပထမငယ်တန်း(၁)ပါး၊ မူလတန်း(၇)ပါးနှင့် ဓမ္မာစရိယတန်း(၃၈)ပါး၊ ကြီးကြပ်ဆရာတော်နှင့် စာချဆရာတော်(၂၄)ပါး၊ စုစုပေါင်း(၇၁)ပါးတို့အား အောင်လက်မှတ်နှင့် အောင်ဆုများကို မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ မဟာဘွဲ့နှင်းသဘင် အခမ်းအနားသို့ ကြွရောက်တော်မူကြသော ဆရာတော် သံဃာတော် များအား မြို့နယ်စီမံအုပ်ချုပ်‌ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်အလှူရှင်များက အလှူ‌ငွေများ၊ လှူဖွယ်ပစ္စည်းများ ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြကြောင်း သိရသည်။

သတင်း - ဇာဇာ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)