ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တကြိမ်မှမထိုးနှံရသေးသည့် ပြည်သူများနှင့် ကာကွယ်ဆေး(၂)ကြိမ်ထိုးနှံပြီး (၆)လပြည့်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တကြိမ်မှမထိုးနှံရသေးသည့် ပြည်သူများနှင့် ကာကွယ်ဆေး(၂)ကြိမ်ထိုးနှံပြီး (၆)လပြည့်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေး




MNP ၊ မတ် ၁၇

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ် လေယာဉ်ကွင်းရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တကြိမ်မှမထိုးနှံရသေးသည့် အသက်(၁၈)နှစ်အထက် ပြည်သူများနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး(၂)ကြိမ်ထိုးနှံပြီး (၆)လပြည့်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံ၌ မတ်လ(၁၇)ရက် နံနက်(၉) နာရီ အချိန်က  ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊  ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်စာရေးများပူးပေါင်း၍ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ  ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ  စာရင်းများ မှတ်ယူခြင်း ၊ လာရောက် ထိုးနှံသည့် သူများ အား ကိုယ် အပူ ချိန် တိုင်းတာပေးခြင်း၊သွေးပေါင်ချိန်တိုင်းတာ ပေးခြင်း၊ သွေးတွင်း အောက်ဆီဂျင် ပမာဏ တိုင်းတာခြင်း ၊ကျန်းမာ ရေး စစ်ဆေးခြင်းများကိုစနစ်တကျ ဆောင် ရွက် ပေးကာ ပုံမှန် ကျန်းမာရေးအခြေ အနေရှိသူများကိုသာကာ ကွယ်ဆေးထိုးနှံပေးပြီး ထိုးနှံပြီးသည့် သူများအားမိနစ်၃၀ ခန့် စောင့်ကြည့်ကာ ထိုးနှံပေးလျက်ရှိ ကြောင်းသိရှိရသည်။ 


သတင်း - စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)