ကျိုက်ထိုမြို့နယ်တွင် အခြေခံပညာအလယ်တန်း Grade-9 အဆင့်ကျောင်းသား၊ ကျောင်းသူ (၈၀၃ ) ဦးအတန်းတင်စာမေးပွဲ စတင်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် အခြေခံပညာအလယ်တန်း Grade-9 အဆင့်ကျောင်းသား၊ ကျောင်းသူ (၈၀၃ ) ဦးအတန်းတင်စာမေးပွဲ စတင်ဖြေဆို






 

MNP ၊  မတ် ၁၇

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ အခြေခံပညာကျောင်း များတွင်Grade-9 အလယ်တန်းအဆင့် ပညာသင်ကြားနေသည့် ကျောင်း သား/သူ များသည် မတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ အတန်းတင်စာမေးပွဲကို စာစစ်ဌာနများအလိုက် စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၇၉ )ကျောင်းမှ ကျောင်းသား(၃၆၃ )ဦးနှင့်ကျောင်းသူ (၄၄၀ )ဦး စုစုပေါင်း (၈၀၃ ) ဦးတို့သည် အစိုးရစစ် အလယ်တန်းအဆင့် Grade (9) အဌမတန်း အတန်းတင် စာမေးပွဲကို အေးချမ်းစွာ ဖြေဆိုနေကြကြောင်း သိရသည်။

အဆိုပါ အလယ် တန်းအဆင့် Grade (9) အဌမတန်းစာမေးပွဲဖြေဆိုရာတွင် အခြေခံပညာပညာကျောင်း (၁၅၈)၊ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း(၇)ကျောင်း၊ဘုန်း‌ တော်ကြီးသင် ကျောင်း(၁၄)ကျောင်းတို့မှ  စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၈၀၃)ဦးတို့ ဝင်ရောက်ဖြေဆိုလျှက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။


သတင်း -  ဝင်းမောင်(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)