ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် လှူဒါန်း


MNP ၊ မတ် ၁၇ 

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို မတ်လ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ နောင်လုံဌာန်ပတိုင်ကျောင်းဆရာတော် မဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒ၊ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ခေမာရာမကျောင်းဆရာတော် မဟာဂန္ထဝါ စကပဏ္ဍိတ ဘဒ္ဒန္တသောပါက အမှူးပြုသော ဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး ဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြည်ညို၍ သာသနာတော်ဆိုင်ရာ ဘွဲတံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။


ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး နိုင်ငံတော်ဩဝါဒ စရိယ နောင်လုံဌာန်ပတိုင်ကျောင်းဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တဝိဇ္ဇာနန္ဒထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဘွဲ့တံဆိပ်တော်ရဆရာတော် သာသနဟိတကာရီ ဘုရင့်နောင်တပ်ဦး ကျောင်းဆရာတော် ဘဒ္ဒန္တကစ္စာယနမှ သမ္မောဒနီယ ဩဝါဒကထာမြွတ်ကြားချီးမြှင့်တော်မူကာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။


ထို့နောက် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ် လှူဒါန်းရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲတံဆိပ် တော်ရ ကော့ကရိတ်မြို့နယ် ပေါကြူကုန်းရွာ၊ အင်းညီနောင်ကျောင်းဆရာတော် ဘဒ္ဒန္တကောဝိန္ဒထံ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကိုက မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ သံတောင်ကြီးမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဘုရင့်နောင်တပ်ဦးကျောင်းဆရာတော်ဘဒ္ဒန္တ ကစ္စယနထံဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကိုလည်ကောင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး မျိုးမင်းနောင်က ဂန္ထဝါစကပဏ္ဍိဘွဲ့တံဆိပ်တော်ရ လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာ၊ ရတနာမှန် ကျောင်းဆရာတော် ဘဒ္ဒန္တသူရိယထံ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို လည်းကောင်း၊ စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်က သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့၊ မြို့မသာသနာပြုကျောင်း ဆရာတော်ဘဒ္ဒန္တ ဓမ္မသီရိထံ ဘွဲ့တံဆိပ်တော်နှင့် အဆောင် အယောင်များကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်းဘေဘီမြင့်က ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ မြဝတီမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ အေးမြသိင်္ဂီသီလရှင် စာသင်တိုက်မှ သီလရှင်ဆရာကြီဒေါ်ဥဂ္ဂဝတီနှင့် သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဘားအံမြို့၊ အမှတ်(၆) ရပ်ကွက်၊ ဇမ္ဗူမြိုင်သီလရှင်စာသင်တိုက်မှ သီလရှင်ဆရာကြီး ဒေါ်ဝီရဉာဏီတို့ထံ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ ဝင်များနှင့်၎င်းတို့၏ ဇနီးများက သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး  နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အဖွဲ့ဝင်ခေမာရာမ ကျောင်းဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တသောပါကထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။


သတင်း - စောမျိုးမင်းသိန်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)