NLD အစွန်းရောက် PDF အကြမ်းဖက်သမားများမှ ခင်ဦးမြို့နယ်နှင့် ချောင်းဦးမြို့နယ်တို့ရှိ အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ အကြမ်းဖက်သတ်ဖြတ်၊ လူနေအိမ်များအား မီးရှို့ဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NLD အစွန်းရောက် PDF အကြမ်းဖက်သမားများမှ ခင်ဦးမြို့နယ်နှင့် ချောင်းဦးမြို့နယ်တို့ရှိ အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ အကြမ်းဖက်သတ်ဖြတ်၊ လူနေအိမ်များအား မီးရှို့ဖျက်ဆီး



နေပြည်တော်၊ မတ် ၁၇

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက ခင်ဦးမြို့နယ်နှင့် ချောင်းဦးမြို့နယ်တို့ရှိ ကျေးရွာအချို့တွင် နေထိုင်ကြသည့် အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ အကြမ်းဖက်သတ်ဖြတ်ခြင်းနှင့် လူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ခဲ့ကြောင်း သိရ သည်။


ဖြစ်စဉ်မှာ ချောင်းဦးမြို့နယ်၊ ရွှေလှေကျေးရွာသို့ မတ်လ ၁၄ ရက်နေ့ နံနက် ၅ နာရီတွင် NLD အစွန်းရောက်PDF အကြမ်းဖက်သမား ၄၀ ဦးခန့်က ဝင်ရောက်၍ သေနတ်များဖြင့် ပစ်ခတ်သဖြင့် ကျေးရွာနေပြည်သူများမှာ ရေစကြိုမြို့နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သော်လည်း အဆိုပါ ကျေးရွာမှ မောင်ညိမ်းထက်အောင်(၂၀)နှစ် (ဘ) ဦးတင်လွင်သည် အကြမ်းဖက်သမားများ ပစ်ခတ်ခဲ့သည့် ကျည်ဆံထိမှန်၍ သေဆုံးခဲ့ကြောင်းနှင့် အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာရှိ နေအိမ် ၆၇ လုံးမီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။


အလားတူ မတ်လ ၁၅ ရက်နေ့ ညနေ ၄ နာရီတွင် ခင်ဦးမြို့နယ်၊ တမုတ်ကျေးရွာအတွင်း သို့ NLD အစွန်းရောက် PDF အကြမ်းဖက်သမား ၂၀ ဦးခန့်က သေနတ်များပစ်ဖောက်ဝင်ရောက်လာပြီး ကျေးရွာ အတွင်းရှိ နေအိမ် ၁၀ လုံးအား မီးရှို့ဖျက်ဆီးပြီး တမုတ်ကျေးရွာ၏ အရှေ့မြောက်ဘက်ရှိ ရှားလင်း ကျေးရွာဘက်သို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။


ထိုကဲ့သို့ ကျေးရွာနေ ဒေသခံအပြစ်မဲ့ပြည်သူများအား “ဒလန်”ဟုစွပ်စွဲကာ သတ်ဖြတ်ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည့် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများအား ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ယမန်နေ့ညက သတင်းထုတ်ပြန်ထားသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)