ပေါင်မြို့နယ်၌ ဗီဇပြောင်း အိုမီခရွန်ရောဂါကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ ဗီဇပြောင်း အိုမီခရွန်ရောဂါကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်



ပေါင်  မတ် ၁၇

မွန်ပြည်နယ်၊ သထုံခရိုင်၊ပေါင်မြို့ နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ ကူးစက်ဖြစ်ပွားမှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှဝန်ထမ်းများက ယနေ့နံနက်က ပေါင်မြို့နယ်အတွင်း ရှိရပ်ကွက်ဈေးများ၌ လက်ကိုင်အသံချဲ့စက် ဖြင့် လှည့်လည် အသိပညာပေးနှိုးဆော်ခဲ့ကြသည်။


ထိုသို့ အသိပအသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ကူးစက်ပျံ့နှံ့မှုသည် ရက်ပိုင်းအတွင်း အရေအတွက် ပိုမိုများပြားလာခြင်း၊ အိုမီခရွန် မျိုးကွဲသစ်သည် မူလကိုဗစ်-၁၉နှင့် လုံးဝမတူတော့ခြင်း၊ လက်ရှိ ကာကွယ်ဆေးများ၏ ထိရောက်မှု လျော့ကျနိုင်ခြင်း၊ ယခင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ဖူးသူများလည်း ထပ်မံဖြစ်ပွား နိုင်ခြင်းနှင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်းတို့ကြောင့် မိဘပြည်သူများ အနေဖြင့်ရောဂါကူးစက်ပြန့်ပွားမှုကိုထိရောက်စွာဟန့်တားနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအား ဆက်လက်လိုက် နာကျင့်သုံးသွားကြပါရန်နှင့် ကာကွယ်ဆေးကိုလည်းအကြိမ်ရေပြည့်ဝစွာထိုးနှံပေးကြရေး၊ ရောဂါကူးစက်ပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူရေး၊ကျန်းမာရေး ဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ဆောင်ရန်/ရှောင်ရန် အချက်များကို လိုက်နာခြင်းဖြင့် ပြည်သူများက ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေရေး စသည်တို့ကို ပညာပေးလိုက်လံနှိုးဆော်ခဲ့ကြကြောင်း သိရသည်။


သတင်း - တင်ဇာစိုး

https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)