အောင်လံမြို့နယ်၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အောင်လံမြို့နယ်၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 


MNP - မတ်   ၂၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ မဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေခန်းမတွင် ပြုလုပ်ခဲ့ သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်က ဗဟိုမဏ္ဍာပ်တည်ဆောက်ပြီးစီးရေး၊ ရေကစားမဏ္ဍာပ်တွင် ရေလုံလောက်စွာ ရရှိရေး၊ စတုဒီတာကျွေးမွေးဧည့်ခံရေးနှင့် နှစ်ဆန်းတစ်ရက်နေ့တွင် သက်ကြီးပူဇော်ကန်တော့ပွဲနှင့် မြို့တွင်းလှည့်လည်၍ အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်နိုင်ရေး အစီအစဉ်များကို ပြောကြားကာတက် ရောက်လာသော ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက မိမိတို့တာဝန်ယူ ဆောင်ရွက်သင့်သည်များကို အကြံပြုဆွေးနွေးခဲ့ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူးမှ လိုအပ်သည် များကို ဖြည့်စွက် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

သတင်း - မျိုးသိန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)