သရက်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သရက်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးပြုလုပ်



MNP -  မတ်    ၂၃

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ ကြောင်းသိရသည်။   

အဆိုပါ အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးလတ်က အဖွင့်အမှာစကား ပြောကြားရာတွင် သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက ဆောင်ရွက်ရမည့် စုဖွဲ့မှုများ၊ ကြိုတင်ပြင်ဆင်မှုများ၊ နှိုးဆော် သတိပေးခြင်းများပြုလုပ်ရန် သက်ဆိုင်ရာဌာနများအလိုက် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာလျှင် ဝိုင်းဝန်း ကူညီဆောင်ရွက်သွားကြရန်မှာကြားခဲ့သည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးဝင်းနိုင်ဦးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဆန်းနိုင်ဦးတို့က သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းပြောကြားသည်။ ယင်းနောက် ဌာနဆိုင်ရာ များအလိုက် ကြိုတင်ပြင်ဆင် ထားရှိမှု အခြေအနေများကို တင်ပြဆွေးနွေးကြရာ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်ဆည်းမှာကြားခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)