ပေါက်ခေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ၂၀၂၂ ခုနှစ် မိုးကြို ကြံစိုက်ပျိုးစရိတ် ချေးငွေများ ဆက်လက်ထုတ်ချေးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ၂၀၂၂ ခုနှစ် မိုးကြို ကြံစိုက်ပျိုးစရိတ် ချေးငွေများ ဆက်လက်ထုတ်ချေးပေး


MNP - မတ်    ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂ ခုနှစ်အတွက် မိုးကြိုကြံစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆက်လက် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထုတ်ချေးပေးရာတွင် ပေါက်ခေါင်းမြို့နယ် ညောင်ပင်သာကျေးရွာအုပ်စုရှိ ကြံစိုက်တောင်သူ (၃၂)ဦး၏ မိုးကြိုကြံစိုက်ပျိုးဧက (၁၂၅)ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ (၁၂၅၀၀၀၀၀)ကျပ်သိန်းအား ယနေ့ထုတ်ချေးပေးမည်ဖြစ်ပြီး၊ မြို့နယ်အတွင်း ကြံစိုက်တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး အတွက် မြို့နယ်အတွင်းရှိ တောင်သူ(၃၀၅)ဦး၏ ကြံစိုက်ပျိုးဧက (၁၇၂၁)ဧကအတွက် တစ်ဧကလျှင် တစ်သိန်းကျပ်နှုန်း ထုတ်ချေးပေးသွားမည်ဖြစ်ပြီး အတိုးနှုန်းမှာ တစ်နှစ်လျှင် ၅ ရာခိုင်နှုန်း သတ်မှတ်ထားကြောင်းနှင့် ချေးငွေထုတ်ချေးရန် ကျန်ရှိသူများကိုလည်း သတ်မှတ်ရက်များအလိုက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဒေါ်တင်တင်အေး က ပြောကြားသည်။

သတင်း - သန်းထွန်းအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)