တောင်ငူမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက ကြိုတင် ကာကွယ်နိုင်ရန် အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး နှိုးဆော် - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်ငူမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက ကြိုတင် ကာကွယ်နိုင်ရန် အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး နှိုးဆော်

 


MNP -  မတ်   ၂၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အချိန်နှင့် တစ်ပြေးညီ တုန့်ပြန်ဆောင်ရွက်နိုင်ရန် ယမန်နေ့ မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီး ဌာနနှင့် သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီဝင်များ ပူးပေါင်းကာ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်မှုများကို အသံချဲ့စက်ဖြင့် လိုက်လံအသိပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန သတင်းထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်အရှိန်ကြောင့်  တောင်ငူမြို့နယ် အတွင်း မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ သစ်ပင်လဲခြင်းနှင့် အခြားသော သဘာဝဘေး အန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အလျင်အမြန် တုန့်ပြန်ဆောင်ရွက်နိုင်ရန်အတွက် ခရိုင်/ မြို့နယ်မီးသတ် စခန်းတွင် ခရိုင်မီးသတ်ဦးဆောင်သော တပ်ဖွဲ့ဝင်များနှင့် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းကိရိယာများ အသင့်စုဖွဲ့ထားရှိကြောင်းနှင့် ရပ်ကွက်အလိုက် အရန်မီးသတ် တပ်ဖွဲ့ဝင်များလည်း အသင့်စုဖွဲ့ထားရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပိုစ့်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)