ဗုဒ္ဓပူဇနိယပွဲတော် ( ၂၁ ) ကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲနှင့်(၁၉) ကြိမ်မြောက် သံဃာ့ဒါနဆွမ်းတော်ကြီးလောင်းလှူပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗုဒ္ဓပူဇနိယပွဲတော် ( ၂၁ ) ကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲနှင့်(၁၉) ကြိမ်မြောက် သံဃာ့ဒါနဆွမ်းတော်ကြီးလောင်းလှူပွဲ ကျင်းပ

 



MNP - မတ်   ၁၇ 

မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်မြို့ရှိ  မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် (၂၁) ကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲနှင့်(၁၉)ကြိမ်မြောက်  သံဃာ့ဒါနဆွမ်းတော်ကြီးလောင်းလှူပွဲကို ယနေ့ နံနက် ( ၇ )နာရီက မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီး၌ ကျင်းပပြုလုပ်သည် ။

ရှေးဦးစွာ  ဆရာတော်အရှင်သူမြတ်တို့မှ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီးအား အနေကဇာတင်ပြီး အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကာ ရတနာမာန်အောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ကဝိန္ဒ ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြခြင်း၊ ဆရာတော်အရှင်သူမြတ်များထံမှ မေတ္တာသုတ်အစရှိသော ပရိတ်တရားတော်များ နာယူ ကြည်ညိုခြင်း၊ ရတနာမာန်အောင်ကျောင်းတိုက်ဆရာတော်ထံမှ ရေစက်ချအနုမောဒနာတရား နာယူကြည်ညိုကြပြီး ဆရာတော်သံဃာတော်အရှင်မြတ်တို့အား  သင်္ကန်းစသော လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြ၍  အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု ( ၃ ) ကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့သည်။

ဆက်လက်ပြီး (၁၉) ကြိမ်မြောက်  သံဃာ့ဒါနဆွမ်းတော်ကြီးလောင်းလှူပွဲကို ကျင်းပပြုလုပ်ရာ စေတနာရှင်အလှူရှင်များမှ  ရဟန်း ၊ သံဃာ ၊ သီလရှင် ( ၄၁ ) ပါးတို့အား ဆွမ်းသပိတ်နှင့် လှူဖွယ်ပစ္စည်း ဒါဒဗ္ဗဝတ္ထုအစုစုတို့အား လောင်းလှူပူဇော်ခဲ့ကြကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)