ရမ်းဗြဲမြို့၌ နွေရာသီအခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့၌ နွေရာသီအခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း ဖွင့်လှစ်







MNP ၊ မတ်  ၃၀

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌  ကျောင်းသား ကျောင်းသူလူငယ်ကလေးများ နွေရာသီကျောင်းပိတ်ရက်များအတွင်း အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ယဉ်ကျေးလိမ္မာပြီး ဗုဒ္ဓစာပေများ၏ အဆုံးအမများနှင့်အညီ လိုက်နာနေထိုင်တတ်စေရန် ရည်ရွယ်လျက် နွေရာသီအခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းကို ရမ်းဗြဲမြို့အောင်စေတီဘုရားတန်ဆောင်းကျောင်းတော်တွင် ယနေ့နံနက် ၇ နာရီအချိန်က စတင်ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

        

အဆိုပါ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းတွင်ကျောင်းသား/ ကျောင်းသူ လူငယ်လေးများအတွက် ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော်များနှင့် ဘုရားရှိခိုးနည်းများ၊ ပန်းရေချမ်း၊ ဆီမီးကပ်လှူပူဇော်ခြင်းများ  သီလခံယူဆောက်တည်ခြင်းများနှင့် ဗုဒ္ဓဘာသာ၏ အဆုံးအမစာပေများကို သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

        

ထိုသင်တန်းကို ရမ်းဗြဲမြို့၊ အမှတ်(၃)ရပ်ကွက်၊ အင်းတောင်ဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးနေထိုင်တော်မူသော ဆရာတော်ဦးပညာဝံသမှ နေ့စဉ် နံနက် ၇ နာရီမှ ၉ နာရီထိ တစ်ချိန်နှင့် နေ့လယ် ၁၂ နာရီမှ ညနေ ၄ နာရီထိ တစ်ချိန် တစ်နေ့လျှင် ၂ ချိန် သင်ကြားပေးသွားမည်ဖြစ်ပြီး အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများနှင့်  မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများ၏ မိဘများကိုယ်တိုင် လာရောက်စာရင်းပေးသွင်းလျက်ရှိကြောင်း သိရသည်။


သတင်း - အောင်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)