MNP - မတ် ၃၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ စည်ပင်သာယာရေးဌာနမှ မြို့တွင်းလမ်းများကောင်းမွန်ရေးအတွက် ဌာနငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လမ်းများ ရာနှုန်းပြည့်ပြီးစီးကြောင်း သိရသည်။
နောင်တရားမြို့ စည်ပင်သာယာရေးဌာနမှ လမ်းတံတားကောင်းမွန်ရေးအတွက် ဖောက်လုပ်ခြင်း၊ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများနှင့် မြို့တွင်းသာယာလှပရေး ဆောင်ရွက် လျက်ရှိပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း စကားဝါလမ်းကို မြေသားလမ်းမှ ကတ္တရာလမ်းခင်းခြင်း၊ မီးတောက် အ.မ.က လမ်းကို မြေသားလမ်းမှ ကတ္တရာလမ်းခင်းခြင်း၊ ရတနာရန်နိုင် ဘုရားလမ်းကို ကတ္တရာထပ်ပိုးလွှာခင်းခြင်း စုစုပေါင်းလမ်းအရှည်(၁.၈၇)ဖာလုံနှင့် တီကျစ်ဈေးအတွင်း လေးခန်းတွဲ ရေလုံအိမ်သာတစ်လုံး တည်ဆောက်ခြင်း စသည့် ဌာနငွေလုံး ငွေရင်းရန်ပုံငွေ ဖြင့်ဆောင်ရွက်ရသည့်လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း နောင်တရားမြို့ စည်ပင်သာယာရေးဌာန တာဝန်ခံအင်ဂျင်နီယာ ဒေါ်ဇွန်ဇာဖြိုးကျော်ထံမှ သိရသည်။
ကောက်ခံရရှိသည့် ပြည်သူ့ဘဏ္ဍာငွေဖြင့် နောင်တရားမြို့ စည်ပင်သာယာရေးဌာနမှ မြို့တွင်းသာယာလှပရေးအတွက် လမ်း၊ တံတားများအဆင့်မြှင့်တင်ခြင်း၊ မြို့အဝင်ဆိုင်းဘုတ်နှင့် လမ်းဘေးဝဲယာများတွင် အလှပန်းပင်များစိုက်ပျိုးခြင်း၊ တစ်ပတ်တစ်ကြိမ် အမှိုက်သိမ်းခြင်း၊ စုပေါင်းအမှိုက်ကောက်ခြင်း စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်း - ခွန်အောင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment