ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ဌာနဆိုင်ရာများနှင့် မြို့နယ်ကော်မရှင်လုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ဌာနဆိုင်ရာများနှင့် မြို့နယ်ကော်မရှင်လုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကျင်းပ



MNP - မတ်    ၃

နိုင်ငံတော်မှ ဆောင်ရွက်လျက်ရှိသော ဦးတည်ချက်ငါးရပ်တွင် ပါဝင်သည့်  မဲစာရင်းများ စစ်ဆေးခြင်းလုပ်ငန်း အောင်မြင် ပြီးမြောက်ပြီဖြစ်သဖြင့် အမျိုးသားရေး တာဝန်တစ်ရပ် အနေဖြင့် ဆောင်ရွက်လျက်ရှိသော လွတ်လပ်ပြီးတရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရန် မြို့နယ်လူဦးရေ စာရင်းများ မှန်ကန်မှု ရှိစေရေးအတွက် မြို့နယ်ကော်မရှင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ  ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ အမြန် ပြီးမြောက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် မြို့နယ်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက  ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးညီညီအောင်က  မိမိတို့ မြို့နယ်တွင် ဆောင်ရွက်နေသော လုပ်ငန်းများမှာ သုံးလခွဲခန့်ရှိပြီဖြစ်ရာ ၅၃ ရာခိုင်နှုန်းခန့်သာ ပြီးမြောက်သေးသဖြင့် လုပ်ငန်းများ အချိန်မီပြီးမြောက်စေရေး ဌာနဆိုင်ရာများမှ လူဦးရေ စာရင်းများ စိစစ်ခြင်းလုပ်ငန်းများကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်၊ မိမိတို့ မြို့နယ်တွင် လူဦးရေ တစ်သိန်းခွဲကျော်ရှိသဖြင့် တစ်ဝက်ခန့်သာ ဆောင်ရွက်နိုင်သေးကြောင်း၊ လုပ်ငန်း များကို ဧပြီလကုန်တွင် ပြီးမြောက်အောင် ဆောင်ရွက်ရမည်ဖြစ်သဖြင့် ဌာနဆိုင်ရာများမှ အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်မှသာ လုပ်ငန်းများ အချိန်မီပြီးစီး မည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများတွင်လည်း လူအင်အားအခက်အခဲများရှိမည်ဖြစ်ကြောင်း၊ အမျိုးသားရေး တာဝန်တစ်ရပ် အနေဖြင့် ဆောင်ရွက်ရမည်ဖြစ်သဖြင့် အားလုံးတက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဌာနဆိုင်ရာများမှ မိမိတို့ဌာနအခက်အခဲများကိုတင်ပြပြီး လုပ်ငန်းများ အောင်မြင်ရန် ဝိုင်းဝန်းဆောင်ရွက်သွားမည် ဖြစ်၍ လိုအပ်ချက်များအား ပူးပေါင်းညှိနှိုင်း ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နံနက် ၁၁ နာရီခွဲတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်း - မြင့်မြင့်ရီ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)