MNP - မတ် ၃၀
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ပြည်နယ်ခန်းမတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မော်လမြိုင်မြို့နယ်၊ ရပ်ကွက်/ကျေးအုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့က ပြုလုပ်ကျင်းပခဲ့သည်
အဆိုပါ တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ရပ်ကွက်နှင့် ကျေးရွာအုပ်စုများသည် နိုင်ငံတော် အုပ်ချုပ်ရေးယန္တရားမှာ အရေးပါတဲ့ အခြေခံအဆင့် ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းတိုင်းဟာ အမျိုး သားအကျိုးစီးပွားကို အကောင်အထည်ဖော် ဆောင်ရွက်နေကြသူများဖြစ်သည့်အတွက် တာဝန်တစ်ရပ်ပဲဖြစ်ပါကြောင်း၊ မိမိတို့ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် မြို့ပြနှင့်ကျေးလက် ဖွံ့ဖြိုးမှုကွာဟခြင်းကို လျော့ချနိုင်ရန် ပြည်နယ်အတွင်းရှိ မြို့နယ်များအလိုက် ကျေးရွာများ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် နှစ်စဉ်စီမံကိန်းများချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် မရှိမဖြစ်လိုအပ်သည့် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ ပြည်သူများ စားနပ်ရိက္ခာဖူလုံပြီး လူမှုစီးပွားဘဝများ သာယာဝပြောလာစေရေးတို့ကို ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စီမံချက်များ ချမှတ်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးကဏ္ဍ အထွက်နှုန်း ကောင်းမွန်စေရေးအတွက် စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရန် လှပ်မြေများကို ဖော်ထုတ်ပြီး မိုးစပါးများ တိုးချဲ့စိုက်ပျိုးဖို့ လိုအပ်မှာ ဖြစ်ပြီး ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက မိမိတို့ကျေးရွာများရှိ လယ်ယာမြေများကိုလည်း လယ်ယာမြေ ဥပဒေနှင့်အညီ စီမံခန့်ခွဲဆောင်ရွက်ကြဖို့ မှာကြားလိုကြောင်း၊ လုံခြုံရေးစနစ်အနေဖြင့် ပြည်သူပါဝင်သော လွှမ်းခြုံသည့် လုံခြုံရေးစနစ်ကို ဆောင်ရွက်သွားမှာဖြစ်သည့်အတွက် လုံခြုံရေးအတွက် တပ်မတော်နှင့် ရဲတပ်ဖွဲ့သာမက ပြည်သူ ကလည်း ပူးပေါင်းပါဝင်ရမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ရေရရှိရေး လမ်းပန်းဆက်သွယ်ရေး မီးရရှိရေး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက တင်ပြမှုများအပေါ် အအဆင်ပြေချောမွေ့စွာ ရရှိစေရေးနှင် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေ၊ ပြည်နယ်ဖွံဖြိုးတိုးတက်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု များနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ပြည်နယ်ဝန်ကြီးချုပ်မှ ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများက လက်ခံရယူကြကြောင်း သိရသည်။
သတင်း - ခင်စန်းမြင့်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment