သထုံခရိုင်ပြည်သူ့စာကြည့်တိုက်၌ လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေး နံရံကပ်စာစောင်ပြသထားရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံခရိုင်ပြည်သူ့စာကြည့်တိုက်၌ လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေး နံရံကပ်စာစောင်ပြသထားရှိ


MNP ၊ မတ် ၂၉

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်သူများအနေဖြင့် လူကုန်ကူးမှုနှင့်ပတ်သတ်သည့် အသိပညာဗဟုသုတများကို သိရှိစေနိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် မတ်လ ၂၉ ရက်နေ့၊ နံနက်က လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေး နံရံကပ်စာစောင် ခင်းကျင်း ပြသထားရှိကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်တွင် လူကုန်ကူးခြင်း၏ အဓိပ္ပါယ်နှင့် ပြည်သူများအနေဖြင့် လူကုန်ကူးခြင်း မခံရရေး သိရှိလိုက်နာသင့်သည့် အချက်များ၊ လူကုန်ကူးမှု အမျိုးအစားများနှင့် အများအားဖြင့် လူကုန်ကူးခြင်း ခံရနိုင်သူများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များ၊ လူကုန်ကူးခြင်းနှင့်ပတ်သက်၍ ဆက်သွယ်တိုင်ကြား ဆောင်ရွက်နိုင်သည့် ဌာနများနှင့် Hot Line ဖုန်းနံပါတ်များ၊ ပညာပေးဓာတ်ပုံများ စသည်တို့ကို ဝေဝေဆာဆာ ခင်းကျင်းပြသထားရာ စာကြည့်တိုက်သို့ လာရောက်ကြသည့် စာဖတ်ပရိတ်သတ်များ၊ ပြည်သူများတို့ စိတ်ပါဝင်စားစွာဖြင့် လာရောက် ကြည့်ရှုကြကြောင်း သိရသည်။


သတင်း - ကိုကိုဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)