စလင်းမြို့နယ်တွင် ကျေးလက်ဒေသဖွံဖြိုးရေး ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဌာနဆိုင်ရာများပူပေါင်းအဖွဲ့ တည်ဘိုကန်ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့နယ်တွင် ကျေးလက်ဒေသဖွံဖြိုးရေး ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဌာနဆိုင်ရာများပူပေါင်းအဖွဲ့ တည်ဘိုကန်ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံဆွေးနွေး


MNP - မတ်    ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေး တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးနေလင်းနိုင်ဦးဆောင်သော ပူးပေါင်း အဖွဲ့သည် မတ်လ ၁ရက်နံနက် ၉နာရီ ၃၀အချိန်က ကြူဝန်းကျေးရွာအုပ်စု တည်ဘိုကန် ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ အသိပေး ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လိုက်ပါလာကြသည့်အဖွဲ့ဝင်များအား ရုံးအုပ်ကြီး ဦးသိန်းဇော်မှ မိတ်ဆက်စကားများပြောကြားပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်က မိမိတို့မြို့နယ်အတွင်း ရှိကျေးရွာဒေသခံပြည်သူများအား လူမှုဘဝပြည့်စုံ ဖွံဖြိုးတိုးတက်စေရေးနှင့် လုံခြုံရေးအတွက်ရပ်ရွာအေးချမ်းသာယာရေး တရားဥပဒေစိုးမိုးရေး ဒေသဖွံဖြိုးရေးလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖေါ်နိုင်ရေးနှင့် မိမိတို့ကျေးရွာ ပတ်ဝန်းကျင်တွင်စိုက်ပျိုးထားသည့် ကြိုးပြင်ကာကွယ်တောများ စိုက်ပျိုးရခြင်း၏ ရည်ရွယ်ချက်များ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများထိုးနှံရာတွင် ဒေသခံပြည်သူများမှ ၇၅ရာနှုန်း ပြည့် ထိုးနှံကြသည့်အတွက် များစွာ ကျေးဇူးတင်မိပါကြောင်း ပြောကြားခဲ့ပြီးမိမိတို့ကျေးရွာ ပြည်သူများအနေဖြင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း တို့ကို ရှင်းလင်းဆွေးနွးပြောကြားခဲ့သည်။

ဆက်လက်၍ လိုက်ပါလာကြသည့် မြို့မိမြို့ဖအဖွဲ့ဝင်(၁)ဦးစိန်လင်း၊ အတွင်းရေးမှူး မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးအောင်သူနှင့် ဌာနဆိုင်ရာအသီးသီးတို့မှ ဌာနအလိုက်ရပ်ရွာဖွံဖြိုး တိုးတက်ရေး လုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ရေရရှိရေးနှင့် ပန်းခင်းစီမံ ချက်များ၊ ဒေသဖွံဖြိုးရေးလုပ်ငန်းများကိုဆွေးနွေးခဲ့ကြရာ ကျေးရွာဒေသခံ ပြည်သူများမှလဲ သိလိုသည်များကို ပြန်လည်မေးမြန်းကြပြီး ဆွေးနွေးမေးမြန်းချက်များကို ဌာနအလိုက် ရှင်းလင်းပြောကြားခဲ့ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်မှ လိုအပ်သည်များကို ပေါင်းစပ်ဆွေးနွေးဖြည့်ဆည်းပေးခဲ့ကြာင်း သိရှိရသည်။

သတင်း - မောင်လွင်

မြန်မာနေရှင်နယ်ပို့စ် 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)