ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ ကံကျဲကျေးရွာ ကျခုတ်တဲတိုက်သို့ သောက်သုံးရေ ၁၆၀၀ ဂါလံလှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ ကံကျဲကျေးရွာ ကျခုတ်တဲတိုက်သို့ သောက်သုံးရေ ၁၆၀၀ ဂါလံလှူဒါန်း


MNP - မတ်     ၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ် ကံကျဲကျေးရွာ၊ ကျခုတ်တဲတိုက်သို့   ယနေ့နေ့လယ် ၂ နာရီအချိန်က သောက်သုံးရေဂါလံ ၁၆၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ် ကံကျဲကျေးရွာ ကျခုတ်တဲတိုက်အတွက် သောက်သုံးရေဂါလံ ၁၆၀၀ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေ လိုအပ်လျက်ရှိသော တဲတိုက်များ၊ ကျေးရွာများအတွက် ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ လှူဒါန်းပေးလျက်ရှိရာ ယခုလှူဒါန်းသည့် ကံကျဲကျေးရွာ၊ ကျခုတ်တဲတိုက်အတွက် ၁၆၀၀ ဂါလံ လှူဒါန်းခဲ့ပြီးဖြစ်ရာ သောက်သုံးရေဂါလံ ၉၃၈၀၀ ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်နေသော ကျေးလက် ပြည်သူများအား ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။

သတင်း - ကိုထိန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)