MNP ၊ မတ် ၁၇
ကောဇာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ် ထန်းပင်ချောင်ကြီးကျေးရွာ၌ တည်ထားကိုးကွယ်ထားသော ဗုဒ္ဓဂါယာ မဟာဗောဓိစေတီအား ရပ်ဝေးရပ်နီးဘုရားဖူးဧည့်သည်များဖြင့် စည်းကားလျက်ရှိကြောင်း သိရသည်။
တပေါင်းလပြည့်နေ့ရောက်တိုင်း မြို့နယ်အတွင်းရှိ နေရာအများစုတွင် ဒေသခံပြည်သူများမှ ထမင်းဟင်း၊ မုန့်ဟင်းခါး၊ အအေးတို့အပြင် မုန့်မျိုးတို့ကို စေတနာထက်သန်စွာဖြင့် စတုဒီသာကျွေးမွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်း - တင်ဇာစိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment