MNP - မတ် ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်ဘူး(စကု)မြို့နယ် ကိုင်းမကြီးကျေးရွာရှိ မီးဘေးသင့် အိမ်ထောင်စု ဝင်များအတွက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဒေါက်တာသန်းထိုက်ရှိန် ဒေါ်ကလျာပပလှိုင်တို့ မိသားစုမှ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကိုင်းမကြီး ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ အလှူငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက မီးဘေးသင့် အိမ်ထောင်စုဝင် ၇၂ ဦးတို့အား အားပေးစကားပြောကြားပြီး ကျေးရွာအတွင်း လမ်းနယ်နိမိတ် ကျင်းနေပါသဖြင့် ကျေလက် ဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ ရပ်ကျေးဥက္ကဋ္ဌများနှင့် ညှိနှိုင်း၍ ဆောင်ရွက်ကြရန်နှင့် ခရိုင်စီမံအဖွဲ့ဝင် ဒုဗိုလ်မှူးကြီးတင့်ကျော်က မီးလောင်ပြင်ရှိ မိမိတို့၏မြေကွက်များ မှန်မှန်ကန်ကန်ရရှိရေးနှင့် လျှပ်စစ် မီးများ အမြန်ဆုံးရရှိရန် ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ခရိုင်အမျိုးသမီးရေးရာ ဥက္ကဋ္ဌ ဒေါ်စိုးစိုးအိက မီးဘေးသင့်အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၃၆၀၀၀ နှင့် ၇၂ စုစာ ၂,၅၉၂,၀၀၀ ကျပ်ကိုလည်းကောင်း၊ ဒေါက်တာ သန်းထိုက်ရှိန်၊ ဒေါ်ကလျာပပလှိုင် တို့မိသားစုက တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀၀၀၀ ဖြင့် ၇၂ ဦးစာ ၁,၄၄၀,၀၀၀ ကိုလည်းကောင်း၊ မြိုနယ် ထွေအုပ်ဝန်ထမ်း မိသားစုများက ငွေကျပ် ၃၀၀,၀၀၀ တို့အပြင် စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ စားသောက်ဖွယ်ရာများနှင့် ကယ်ဆယ်ရေးပစ္စည်းမျိုးစုံ စုစုပေါင်းတန်ဖိုးငွေကျပ် ၄,၃၃၂,၀၀၀ ကျော် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်ဝင်းထံမှ သိရသည်။
သတင်း - ဇေယျာထက်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment