MNP - မတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ ရွှေတန်ဆာဘုရားဝန်းအတွင်းရှိ ဓာတ်ပေါင်းစုဓမ္မာရုံအတွင်း ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှစတင်ပြီး လူငယ့်အားမာန်လူမှုဖွံ့ဖြိုးရေးအသင်းက ကြီးမှူးပြီး ကွန်ပျူတာ အခြေခံ၊ စာစီစာရိုက်သင်တန်းနှင့် အင်္ဂလိပ်စကားပြောသင်တန်းကို အခမဲ့ဖွင့်လှစ်သင်ကြားခဲ့ရာ ယမန်နေ့ ညနေ ၃နာရီအချိန်က သင်တန်းဆင်းပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လူငယ့်အားမာန် လူမှုကူညီရေးအသင်း နာယကဆရာတော် ဦးနေန္ဒါဘာသ၊ ရွှေတန်ဆာဘုရား ဂေါပကအတွင်းရေးမှူး ဦးညွန့်တင်နှင့် စာရေးဆရာ မြတ်သာထွန်း (ရွှေစံပြ) က သြဝါဒစကားပြောကြား သည်။ ထို့နောက် ရွှေဘိုမြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ၊ W.Conကုမ္ပဏီ၏ နာယကစာရေးဆရာ အောင်ဘုန်းညိုက အမှာစကားပြောကြားပြီး လူငယ့်အားမာန် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးသန်းထိုက်ကျော်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် သင်တန်းဆရာ W.Com ကုမ္ပဏီဥက္ကဋ္ဌ ဦးဝဏ္ဍထွန်းက သင်တန်းအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသားများကိုယ်စား သင်တန်းသား ကိုဝေယံထွန်းက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်း - စိုးသီဟ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment