ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ ဓနုဖြူမြို့နယ်၊ တမြာလျှပ်စစ်မြစ်ရေတင်စီမံကိန်း (အကျိုးပြုဧက ၃၀၀၀) သို့ ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ ဓနုဖြူမြို့နယ်၊ တမြာလျှပ်စစ်မြစ်ရေတင်စီမံကိန်း (အကျိုးပြုဧက ၃၀၀၀) သို့ ကြည့်ရှုစစ်ဆေး




MNP - မတ်   ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ တမြာကျေးရွာအုပ်စု၊ တမြာကျေးရွာရှိ တမြာလျှပ်စစ် မြစ်ရေတင်စီမံကိန်း (အကျိုးပြုဧက ၃၀၀၀) သို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ ယမန်နေ့ မွန်းလွဲ(၃)နာရီက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ တမြာလျှပ်စစ်မြစ်ရေတင် စီမံကိန်းတွင် ဆောင်ရွက် ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းမြစ်)မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်သိန်းက နွေစပါးရေပေးရေးလုပ်ငန်းများ၊ ယခုနှစ်တွင် မြစ်ရေတင်လုပ်ငန်းဖြင့် နွေစပါး ဧက(၃၀၀)စိုက်ပျိုးနေမှု၊ ဌာနမှ ဆောင်ရွက်နေသည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မှုလုပ်ငန်းများ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ တောင်သူများ၏ လိုအပ်ချက်များကို တင်ပြပြီး ဝန်ကြီးချုပ်မှ လိုအပ်မှုများကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သတင်း- အေးအေးအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)