MNP - မတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ မတ်လ ၂၇ ရက်နေ့ နံနက်(၉)နာရီအချိန်ခန့်က ကွင်းချောင်းကျေးရွာအုပ်စုများရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုး၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများက ကွင်းချောင်းကျေးရွာအုပ်စုရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် အသက် (၁၀)နှစ်ပြည့် (၂)ဦး၊ အသက် (၁၈)နှစ်ပြည့် (၄၆)ဦး၊ လဲလှယ် (၃)ဦး၊ မိတ္တူ (၁၀)ဦး၊ စုစုပါင်း (၆၁)ဦးနှင့် ပြောင်းရွှေ့အိမ်ထောင်စု (၃၂၈)စုတို့အား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - စောသန္တာဦး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment