MNP - မတ် ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင်၂၀၂၂ခုနှစ် ဘဏ္ဍာနှစ် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဘေးအန္တရာယ်ဆိုင်ရာ လေဘေး ကြိုတင် ကာကွယ်ရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်း၍ မတ်လ၁၅ရက်နေ့က အိမ်တစ်လုံးလျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် အိမ်အလုံး(၁၀၀)အတွက် အမိုးအကာများတွင် လိုအပ်သလိုအသုံးပြုကြရန် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့တို့ဖြင့် ကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ နှစ်စဉ်မိုးဦးကျ လေဦး ကျတွင် နှစ်စဉ် ဆောင်ရွက်ပေးခဲ့ရာ ယခုနှစ်တွင် စလင်းမြို့နယ်မှ ကျွန်းရင်းကျေးရွာအုပ်စု၊ ကျောက်စစ်ကျေးရွာမှ အိမ်အလုံး(၅၀)နှင့် ဝန်ရအုပ်စု၊ ခင်မလူကျေးရွာမှ အိမ်အလုံး(၅၀)တို့အတွက် ကျေးလက်နေ ဆင်းရဲနွမ်းပါးပြည်သူလူထုအား လေဘေးကြိုတင်ကာကွယ်ရေး သုံးခွင့်ပြုငွေ အိမ်အလုံး(၁၀၀)အတွက် အိမ်တစ်လုံးလျှင်(၃၀၀၀၀)ကျပ်နှုန်းဖြင့် လေပြင်းတိုက်ခတ်မှု ဘေးအန္တရာယ်ဖြင့် လူနေအိမ်များ ပျက်စီးလျော့နည်းစေရန် လေပြင်းတိုက်ခတ်မှုဘေးဒဏ်နှင့် ပတ်သက်၍ ပြည်သူလူထုအတွင်း အသိပညာများ တိုးပွားလာစေရန် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် တုန့်ပြန်ဆောင်ရွက် ရေးလုပ်ငန်းများတွင် လူမှုအဖွဲ့အစည်းများနှင့် ပြည်သူလူထု ကိုယ်တိုင်ပူးပေါင်းဆောင်ရွက် လာစေရန်အတွက် အိမ်ပြင်ဆင်စရိတ်အဖြစ် မျောတိုင်၊ ဝါး၊ အမိုးအကာများကို ဝယ်ယူ၍ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒေါ်ကေသွယ်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်သိင်္ဂီအေး၊ မြို့နယ် မီးသတ်ဌာနမှ မီးသတ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးဝန်ထမ်း များ၊ ရပ်မိရပ်ဖများပူးပေါင်း၍ ကွင်းဆင်းကာ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး ခဲ့ကြကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေ ဦးစီးဌာနရုံးမှ သိရှိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment