MNP ၊ မတ် ၁၇
ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၂ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်တို့ကို ဘွဲ့တံဆိပ်တော် အဆောင်အယောင် များ ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားကို ဆရာတော်သံဃာတော်နှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ် တို့မှ "နမောတဿ"(၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ထူးမခြားသီချင်းခံဖြင့် ပူဇော်ကာ တောင်ကြီးမြို့၊ ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ သိမ်တောင်ပရိယတ္တိစာသင်တိုက် ပဓနနာယ ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဇဝန္တထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ဆက်လက်၍ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ သိမ်တောင်ပရိယတ္တိစာသင်တိုက် ပဓနာနာယက ဆရာတော်အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတဘဒ္ဒန္တတေဇဝန္တထံမှ သမ္မောဒနီယ သြဝါဒကထာ မြွက်ကြားချီးမြှင့်တော်မူပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက သာသနာရေး ဆိုင်ရာများ လျှောက်ထားသည်။
ထို့နောက် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများ၊ လူပုဂ္ဂိုလ်များအား ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး ရှမ်းပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့မှ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်အပ်နှင်းပြီး တောင်ကြီး မြို့နယ် သံဃနာယက အဖွဲ့ဥက္ကဋ္ဌ ဘုရားကြီးအတွင်း ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကဝိန္ဒထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်း လောင်းအမျှပေးဝေပြီး"ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” (၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ကြောင်း သိရသည်။
အဆိုပါ ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး(၂၀)ပါးနှင့် သီလရှင် (၄)ပါး လူပုဂ္ဂိုလ်(၃) ဦးအား ဘွဲ့တံဆိပ်တော် အဆောင်အယောင်များ ဆက်ကပ်အပ်နှံကြောင်း သိရှိရသည်။
သတင်း - မောင်မောင်သန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment